News

Viber ကို ဂျပန် အခြေစိုက် Rakuten Company က ၀ယ်ယူ

ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် အီလက်ထရောနစ် နဲ့ အင်တာနက် Company တစ်ခုဖြစ်တဲ့ Rakuten က Viber ကို ဒေါ်လာ သန်းကိုးရာဖြင့် ၀ယ်ယူလိုက်ကြောင်းသိရပါတယ်။ Viber ဟာ 3G VOIP ၀န်ဆောင်မှုကို iPhone မှာ စတင်၀န်ဆောင်မှုပေးခဲ့သူ တွေထဲက တစ်ခုဖြစ်ပါတယ်။ မကြာမီက လိုင်းဖုန်း၊ Viber အသုံးမပြုတဲ့ မိုဘိုင်းဖုန်းတွေကို အခကြေးငွေ ဖြင့် ခေါ်ဆိုနိုင်တဲ့ ၀န်ဆောင်မှုကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။ Viber အသုံးပြုသူအချင်းချင်း အခမဲ့ ဖုန်းပြောဆိုတာ၊ စာပေးပို့တာအပြင် Voice Message ပေးပို့နို်င်တဲ့ Push-To-Talk စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ အခမဲ့ စတစ်ကာတွေကို ပြုလုပ်ပေးထားသလို အခပေး၀ယ်ယူရတဲ့ စတစ်ကာ၀န်ဆောင်မှု ကိုလည်း ပြုလုပ်ပေးနေပါတယ်။

Viber ကို အဓိက Mobile နဲ့ Desktop တွေ မှာ အသုံးပြုနိုင်ပါတယ်။ Viber ဟာ Skype ရဲ့ အကြီးမားဆုံး ပြိုင်ဖက်တွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာတစ်၀န်းလုံးမှာ အသုံးပြုသူ သန်းသုံးရာ ကျော်ရှိပါတယ်။ ကမ္ဘာတစ်၀န်းလုံးမှာ ပရိသတ်ရှိတဲ့ Viber ဟာ Rakuten ကို ဂျပန်ပြင်ပက စိတ်၀င်စားမှု ကိုရရှိစေမှာဖြစ်ပါတယ်။ Rakuten က မကြာမီက E-Reader ထုတ်လုပ်တဲ့ Kobo ကို လည်း ၀ယ်ယူခဲ့ပါသေးတယ်။ Rakuten ရဲ့ CEO ဖြစ်သူက Viber ကို စျေးကွက်အသစ်တွေမှာ အောင်မြင်အောင်လုပ်မှာဖြစ်သလို စွမ်းဆောင်ချက်များစွာကိုလည်း ထည့်သွင်းပေးမှာဖြစ်တယ် လို့ ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *