Gaming

Valvrave the Liberator

Genre – Science Fiction Action, Mecha

No. of Episodes – 12

Studio – Sunrise

Score – 4 out of 5

 

Valvrave the Liberator Animation Series သစ်ဟာ Mobile Suit Gundam ဇာတ်လမ်းတွဲများ၊ Code Geass နှင့် Accel World တို့လို Science Fiction နှင့် Mecha ဇာတ်လမ်းများကို အမြဲမပျက် ရေးဆွဲလျှက်ရှိတဲ့ Sunrise Studio ရဲ့ ဖန်တီးမှုအသစ်ဖြစ်ပြီး အခြားဇာတ်လမ်းတွဲအများစုလို Manga comic book သို့မဟုတ် Light Novel များမှ မှီငြမ်းထားခြင်းမဟုတ်ဘဲ အသစ်ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ Valvrave the Liberator ဟာ Sunrise Studio ရဲ့ စက်ရုပ် Mecha ဇာတ်လမ်းတွေအတိုင်း စိတ်ဝင်စားဖွယ်တိုက်ပွဲများနှင့် ထူးခြားတဲ့ စက်ရုပ်ဒီဇိုင်းများပါဝင်သလို၊ action ခန်းများ သီးသန့်မဟုတ်ဘဲ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများလည်း တွဲဖက်ပါဝင်တာကို တွေ့ရမှာပါ။ Valvrave the Liberator ရဲ့ ဇာတ်လမ်းကို RahXephon နှင့် Guilty Crown ဇာတ်လမ်းတွဲတွေရဲ့ စာရေးဆရာ Ichiro Okouchi ကရေးသားပေးထားပြီး character designer ကတော့ D.Gray Man ဇာတ်လမ်းရဲ့ စာရေးဆရာမ Katsura Hoshino ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအနေနှင့်က အနာဂတ်အချိန် True Era 71 ခုနှစ်မှာ နေရာယူထားပြီး လူဦးရေအလွန်များပြားတဲ့အတွက်ေကြာင့် လူသားများရဲ့ 70% ဟာ ကမ္ဘာမြေပေါ်တွင် နေထိုင်ခြင်းမရှိတော့ Solar System အတွင်းရှိ အခြားဂြိုဟ်များနှင့် နေပတ်လည်တွင် တည်ဆောက်ထားသော Dyson sphere Colony အတွင်းမှာ နေထိုင်လျှက်ရှိကြပါတယ်။ လူသားမျိုးနွယ်စုများ အနေဖြင့် စွမ်းအားမြင့် တိုင်းပြည်နှစ်ခုဖြစ်တဲ့ Dorssia Military Pact Federation နှင့် Atlantic Ring United States (ARUS) အဖြစ် ကွဲပြားနေပြီး JIOR အမည်ရ နယ်မြေကတော့ စစ်ပွဲများဝင်ရောက်တိုက်ခိုက်ြခင်း မရှိတဲ့ ကြားနေနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Haruto ဟာ JIOR နယ်မြေအတွင်းရှိ Sakimori High School မှကျောင်းသားတစ်ယောက်ဖြစ်ပြီး Dorssia စစ်တပ်အနေဖြင့် JIOR နယ်မြေကို ဝင်ရောက်တိုက်ခိုက်ရာမှ Haruto အနေဖြင့် Valvrave Unit-1 စက်ရုပ်ကို ဝင်ရောက်မောင်းနှင်ပြီး ရန်သူများကို ပြန်လည်တိုက်ခိုက်ပုံဖြင့် ဇာတ်လမ်းကို စတင်ထားပါတယ်။

ထူးခြားဆန်းကြယ်တဲ့ နည်းပညာများဖြင့် ဆောက်လုပ်ထားတဲ့ Valvrave Unit များကို ရယူနိုင်ရန်အတွက် Dorssia ကဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သလို Haruto အနေနှင့်လည်း VVV-I Model အားမောင်းနှင်ပြီးနောက်တွင် regeneration စွမ်းရည်နှင့် အခြားလူသားများဖြင့် ကိုယ်ချင်းပြောင်းလဲနိုင်သည့် body swap စွမ်းရည်များကို ရရှိလာပုံ ဇာတ်လမ်းဆင်ထားတဲ့အတွက် Mecha တိုက်ပွဲများမှာသာမကဘဲ ပုံမှန်အချိန်မှာတင် ဇာတ်လမ်းစွဲဆောင်မှု ရှိတာတွေ့ရမှာပါ။ ဒါပေမည့် Gundam 00 နှင့် Eureka Seven AO တို့လို ဇာတ်လမ်းအတည်ပေါက် ဖန်တီးထားတာမဟုတ်ဘဲ super natural element တွေပါဝင်သလို အခြားစိတ်ကူးယဉ်ဆန်တဲ့ အဖြစ်အပျက်တွေနှင့် ရောစပ်ထားလို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေနှင့်ကတော့ ပိုအဆင်ပြေမှာပါ။ Katsura Hoshino ရဲ့ဇာတ်ကောင်ဒီဇိုင်းတွေက D.Gray Man ကလောက် ကြည့်ရတာ ကွဲပြားခြားနားမှုရှိမနေပေမည့် စက်ရုပ် mecha design အနေနှင့်က သာမန် drone unit တွေအနေနှင့် ထူးခြားမှု သိပ်မရှိပေမည့် လက်ရှိအချိန်မှာ ကျိန်စာသင့် Valvrave Unit 6 မျိုးရှိပြီး လက်တလောထွက်ရှိသားတဲ့ Science Fiction Seires တွေထဲမှာ ကြည့်အကောင်းဆုံးပုံစံတွေ ပါဝင်ပါတယ်။ Valvrave the Liberator ဇာတ်လမ်းဟာ June လအတွင်းက Season 1 ပြီးဆုံးခဲ့ပြီး October လအတွင်းမှာတော့ Season 2 ထွက်ရှိမှာဖြစ်ကာ နိုင်ငံတကာ ပရိသတ်များ အနေဖြင့် official streaming website ဖြစ်တဲ့ http://crunchyroll.com/ မှာ ကြည့်ရှုနိုင်ပါတယ်။

www.gunjap.net

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *