Review

User တွေရဲ့ Internet Bandwidth ကို ထိန်းသင့်လား၊ မထိန်းသင့်ဘူးလား?

ဒီတစ်​​​​​​​​​​​​​​ခါပြောမယ့် အကြောင်းအရာကတော့ တကယ်လို့ သင်ဟာ Company တစ်ခုမှာ IT Administrator လုပ်မယ်ဆိုရင် ကိုယ့် Company မှာရှိတဲ့ User Computer တွေရဲ့ Internet Bandwidth ကိုထိန်းသင့်လား၊ ဒါမှမဟုတ် မထိန်းသင့်ဘူးလား ဆိုတဲ့ အ​​​ ကြောင်းအရာကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။

User Computer တွေရဲ့ Internet Bandwidth ကိုထိန်းသင့်တယ်

User Computer တွေရဲ့ Internet Bandwidth ကိုထိန်းသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် User တွေက အလုပ်နဲ့မပက်သတ်တဲ့ Video တွေ Download လုပ်မယ်၊ Size အရမ်းကြီးတဲ့ Software တွေကို Internet Download Manager Software အသုံးပြုပြီး Download လုပ်ခဲ့မယ်ဆိုရင် သင့် Company မှာချိတ်ဆက်ထားတဲ့ Internet ကတော်တော်နှေးသွားပါလိမ့်မယ်။ ပြီးတော့ Video တွေကို Online ကနေတိုက်ရိုက်ကြည့်တာတွေ လုပ်ခဲ့မယ်ဆိုရင် Internet Bandwidth က​​​တော်​​​​တော်​​​​​လေးကိုနှေးသွားပါလိမ့်မယ်။ Internet Bandwidth များများတပ်ဆင်ထားရင်တော့ ကိစ္စသိပ်မရှိပေမယ့်၊ Internet Bandwidth တပ်ဆင်ထားတာလည်း နည်းမယ်၊ အသုံးပြုတဲ့ User တွေကလည်းများမယ်၊ Internet Download Manager Software အသုံးပြုပြီး Download လုပ်ခဲ့မယ်ဆိုရင် စဉ်းစားသာကြည့်တော့။ မြန်မာပြည်ရဲ့ Internet ကသိတဲ့ အတိုင်းပဲလေ။ ခရုတိုက်သွားလို့ ရေအောက်ကကြိုးပြတ်ရတာနဲ့၊ Exchange ရုံးက Down တာနဲ့၊ Tower တိုင်​​​ တွေကလိုင်းမမိတာနဲ့၊ SeaGame လုပ်လို့ Bandwidth ထပ်တိုးလိုက်တာ Internet ကြီးပို​ နှေးသွားရတာနဲ့၊ စုံ​ နေ တာပါပဲ။ ကျနည်းမျိုးစုံနဲ့ကို ကျနေတာ။ အဲဒါကြောင့်မို့လို့ User တွေရဲ့ Internet Bandwidth ကိုထိန်းမှအဆင်​​ပြေပါလိမ့်မယ်။

User Computer တွေရဲ့ Internet Bandwidth ကိုမထိန်းသင့်ဘူး

နောက်တနည်းပြောရရင် User Computer ​တွေရဲ့ Internet Bandwidth ကိုမထိန်းသင့်ဘူးလို့ ယူစမိပါတယ်။  ဘာဖြစ်လို့လဲဆိုရင် မြန်မာပြည်ရဲ့ Internet ကသိတဲ့အတိုင်းပါပဲ။ ဒီလောက်ကျနေတာတောင် Internet Bandwidth ကိုထိန်းမယ်ဆိုရင်တော့ Google Page တောင် တက်ဖို့တော်တော် စောင့်ရလိမ့်မယ်။ ပြီးတော့ Internet Bandwidth ကိုထိန်းလိုက်ရင် အလုပ်ကိစ္စနဲ့ 10 MB ​လောက်ရှိတဲ့ File Size ကြီးကို Email နဲ့ Attach ပို့ပါပြီတဲ့။ တစ်ရေးပါအိပ်လို့ရလောက်တယ်။ Internet Speed ကြောင့်အလုပ်တွေပါထိခိုက် ရတယ်။ တကယ်လို့သာသင်ရော Internet Bandwidth ကိုထိန်းခံရပြီး အလုပ်ကိစ္စ မပြီးစီးရင်ဘယ်လိုလုပ်ကြမလဲ။ အဲဒါကြောင့်မို့လို့ User တွေရဲ့ Internet Bandwidth ကိုမထိန်းမှ အဆင်​​ပြေပါလိမ့်မယ်။

 

ကဲ…. ဒီဆွေးနွေးမှုနှစ်ခုမှာ သင်ရော ဘယ်လိုထင်ပါသလဲ ????

User Computer တွေရဲ့ Internet Bandwidth ကိုထိန်းသင့်လား၊ ဒါမှမဟုတ် မထိန်းသင့်ဘူးလားဆိုတဲ့ အကြောင်းကို သင်လည်းဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

7 thoughts on “User တွေရဲ့ Internet Bandwidth ကို ထိန်းသင့်လား၊ မထိန်းသင့်ဘူးလား?

  1. Ko Win says:

    လုံးဝမထိန်းသင့်ပါ

  2. ဆလိုင်းသန့်ဇော်ဝင်း says:

    ဒီ Post ကို စိတ်ဝင်စားပါတယ်..
    တကယ်တမ်းပြောရမယ် ဆိုရင် IT Admi ဖက်က ကြည့်မယ်ဆိုရင်
    Company တစ်ခု လုံးရဲ့ အင်တာနက် ကောင်းမကောင်း၊ အပေါ်မှာ ပြောသွားသလို အရေးကြီးတဲ့ Mail တစ်ခု ပို့ဖို့ အတွက် မြန်မြန်ဆန်ဆန်ဖြစ်အောင်လို့သူ့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် Internet Bandwidth ကို ထိန်းချုပ်ဖို့သင့်ပါတယ် အကုန်လုံး အဆင်ပြေစေနိုင်ဖို့အတွက် Bandwidth ကို ထိန်းချုပ်လိုက်ခြင်းအားဖြင့်
    User Level က ဘယ်လောက်ဖြစ်တော့ သုံး Manager Level က ဘယ်လောက်အထိတော့သုံးဆိုပြီးတော့ ကန့်သတ်လိုက်မယ်ဆိုရင် အကုန်လုံးအတွက် အဆင်ပြေစေနိုင်မယ်လို့ထင်ပါတယ်။ ဒီလို Bandwidth ကို မထိန်းချုပ် ထားရင် Download Manager တွေသုံးမယ်၊ Video တွေ Live ကြည့်နေမယ်ဆိုရင်တော့ Connection ကတော့ နှေးနေမှာ သေချာပါတယ်။ ဒါဆိုရင်တော့ အရေးကြီးတဲ့ Mail တို့ဘာတို့ ကျတော့ ဘယ်လိုမှာ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ သုံးဖို့ မလိုအပ်တဲ့သူ မသုံးနဲ့တော့ ဆိုရင် User Level တွေက မသုံးရတော့ဘဲ Manager (or) high Level ကလူတွေဘဲ ချက်တင်ထိုင်၊Facebook သုံးနဲ့ သူတို့ဘဲ အဆင်ပြေနေကို User Level တွေက ထိုင်ကြည့်နေရတော့မှာ။ အဲတော့ အကုန်လုံး ညီတူမျှတူ ဖြစ်သွားအောင် User Lever က ဘယ်လောက် ( % ) တော့ သုံး နောက်ကျန် Level တွေက ဘယ်လောက်တော့ ဖြစ်သုံးဆိုရင် အကုန်လုံးလည်း အဆင်ပြေနိုင်မယ်၊ Connection လည်း သူ့ Level အလိုက်ရမယ်ဆိုတော့ အလုပ်ကိစ္စလည်း အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
    ဒါကြောင့် ကျွန်တော် ပြောချင်တာကို Bandwidth ကို ထိန်းချုပ်ထားတာ ကောင်းပါတယ် ။
    ပြီးတော့ အဲလို Bandwidth ကို ဘယ်လို ထိန်းချုပ်မလဲ ဆိုတာကိုလည်း ဖြစ်နိုင်မယ်ဆိုရင် ဆွေးနွေးပြီးတော့ တင်ပြနိုင်မယ်ဆိုရင်တော့ အကုန်လုံး အကျိုးရှိစေမယ်လိုထင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း သိချင်ပါတယ်။

  3. ရုံးတစ်ရုံးရဲ့လိုအပ်မှု နဲ့ Security ပေါ်မူတည်ပါတယ်။ ISP မှာတော့ မထိန်းသင့်ဘူးလို့ထင်ပါတယ်။ screening တော့ လုပ်သင့်ပါတယ်။

  4. zaw zaw says:

    ဘယ်လို ထိန်းချုပ်ရမလဲဆိုတာပါ ဆွေးနွေးတင်ပြပေးစေလိုပါတယ်။

  5. azphyophyo says:

    Bandwidth ကို ကောင်းကောင်း ထိန်းနိုင်မယ့် Application လေးရှိရင်ပြောပေးပါဦး

  6. Vista says:

    Load Balance Router နဲ့ ထိန်းလိုက်ရင် အဆင်ပြေနိုင်ပါတယ်။ စက်တစ်လုံးကို bandwidth ဘယ်လောက်ဆိုပြီး ပေးလို့ရပါတယ်။ ကျွန်တော်လက်ရှိသုံးနေတာက TP-Link TL-R470T+ ပါ။ စက်တစ်လုံးချင်းစီကို ထိန်းလို့ရပါတယ်။ တကယ်ထိရောက်ပါတယ်။ Download Manager ကိုလည်း ထိန်းနိုင်သလို Youtube ကိုလည်း ထိန်းလို့ရပါတယ်။ ဥပမာ – 192.168.1.101 ကို 30 Kbps ဆိုပြီး ပေးလို့ရပါတယ်။ Independent Bandwidth ပါ။ Upload / Download Limit ပေးလို့ရပါတယ်။ Hardware သုံးတာပိုကောင်းပါတယ်။ Software က အဆင်မပြေတာပိုများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *