Apps

အသုံး၀င် iOS Appများ

ခုတစ်လော Appကမ္ဘာထဲမှာ Appတွေရဲ့သတင်းတွေ အများအပြား ထွက်နေပါတယ်။ Appတွေကို ရေးဆွဲဖန်တီးသူတွေ ကလည်း Appleရဲ့ Default Cameraသာမက Instagramစတဲ့ Photo-Favorite Appတွေကိုပါ ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိကြပါတယ်။

LandCam ဆိုတဲ့ Brand-New Camera Appဆိုရင်လည်း Separate Exposure, Apertureနဲ့ Filtersတွေ စတဲ့Features တွေပါ၀င်လာပြီး Dynamic Photosတွေပါ ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Thunderspace ဆိုတဲ့Appလေးပါ။ Hazeဆိုတဲ့ Weather Appလေးကိုထုတ်လုပ်တဲ့ Makerတွေကပဲ ဖန်တီးတာဖြစ်ပြီးတော့ အဆိုပါ Thunderspaceမှာ Stereoscopic 3D Audioနဲ့ တကယ့်အစစ်အတိုင်း ခံစားရမယ့် Lightning Flashesတွေပါ၀င် ပါတယ်။ အဆိုပါ အသံစနစ်တွေ၊ Flashတွေနဲ့ သင့်ပတ်၀န်းကျင်မှာ Thunderstormတစ်ခု ဖန်တီးပြီး Relaxလုပ်နိုင်မယ့် Appလေးပေါ့။

ဆက်ပြီးတော့ ဖော်ပြပေးသွားမယ့် Appတွေကတော့ အိုင်စီတီပရိသတ်တွေ သဘောကျနှစ်သက်ပြီး အသုံး၀င်စေမယ့် Appလေးတွေပါ။

၁။ “Frontback”ဆိုတဲ့ Photo Appလေးပါ။ အဆိုပါAppဟာ သင့်စမတ်ဖုန်းရဲ့ ရှေ့ကင်မရာ၊ နောက်ကင်မရာ တစ်ပြိုင်တည်းအသုံးပြုနိုင်ပြီး သင့်ပုံနဲ့ သင့်သူငယ်ချင်းတွေရဲ့ ပုံတွေကို တစ်ပုံတည်းဖြစ်အောင် Mergeလုပ်ပေးပါတယ်။ itunesမှာ အခမဲ့ရယူနိုင်ပါတယ်။

၂။ Quip ဆိုတာကတော့ Mobileမှာ Word Processingလုပ်ဖို့ Appအသစ်လေး ပါပဲ။ အဆိုပါAppဟာ Facebookရဲ့ CTOဟောင်း ဖန်တီးခဲ့တာ ဖြစ်ပြီး Mobileမှာသာမက သင့်Desktopမှာလည်း အသုံးပြုလို့ ရပါတယ်။ itunesမှာ အခမဲ့ရယူနိုင်ပါတယ်။

၃။ ခုနကဖော်ပြခဲ့တဲ့ Thunderspaceပါ။ အဆိုပါAppဟာ သင့်အတွက် Relaxဖြစ်ရုံတင် မဟုတ်ပါဘူး။ 3D Audioရဲ့ ရသကိုခံစားရမယ့် အပြင် Virtual Thunderstormတွေကြားမှာ သင့်ကိုစီးမျောသွားစေမှာပါ။ itunesမှာ 0.99ဒေါ်လာနဲ့ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

၄။ “Heard”ဆိုတဲ့ Appကတော့ သင့်အိုင်ဖုန်းကို Time Machineတစ်ခုအဖြစ် ပြောင်းလဲပေးမယ့် Appပါပဲ။ လွန်ခဲ့တဲ့ငါးမိနစ်က စတဲ့အသံတွေကို Captureလုပ်ထားနိုင်ပြီး 1minအထက်ကို Freeရပါတယ်။ Past 5 minutesအတွက် ဆိုရင်တော့ ပိုက်ဆံပေးရမှာ ဖြစ်ပါတယ်။

၅။ Citymaps ဆိုတဲ့ Appဟာလည်း “Social Mapping App”တစ်ခု ဖြစ်ပြီးတော့ သင်သွားခဲ့တဲ့ Favoriteနေရာတွေကို Trackingလိုက်ကာ သင့်သူငယ်ချင်းတွေနဲ့ Shareနိုင်မှာ ဖြစ်ပါတယ်။ itunesမှာ အခမဲ့ရယူနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါAppမှာ Turn-by-Turn Directionsလည်းပါပြီး Androidအတွက်လည်း မကြာခင်ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။

၆။ Vesper ဆိုတဲ့ Noteတွေရေးမှတ်ဖို့ လှလှပပဖန်တီးထားတဲ့ Appလေးကတော့ Apple Bloggerကြီး Jon Gruberရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ရိုးရှင်းပြီး သင့်ရဲ့အတွေးတွေကို အလွယ်တကူ မှတ်တမ်းတင် ဖွဲ့စည်းထားနိုင်တဲ့ Appလေးရဲ့ တန်ဖိုးက ငါးဒေါ်လာပါတဲ့ဗျာ။

၇။ itunesစတိုးမှာ အခမဲ့ရတဲ့ “Fancy”ဆိုတဲ့ ဈေး၀ယ်Appလေးနဲ့ မိတ်ဆက်ပေးချင် ပါသေးတယ်။ လှပတဲ့ အပြင်အဆင် ဒီဇိုင်းလေးတွေကြောင့် အသုံးပြုသူကို ဆွဲဆောင်နိုင်မှာပါ။

၈။ သင့်ဓာတ်ပုံတွေ အားလုံးကို တစ်နေရာတည်းမှာ စုစည်းပေးမယ့် View Finder ဆိုတဲ့ Photo Appလေးပါ။ သင် Shareလုပ်ချင်တဲ့ လူတွေနဲ့သာ ဓာတ်ပုံတွေကို ေ၀မျှနိုင်မယ့် Privateနည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်လို့ ဓာတ်ပုံတွေကို Shareမလုပ်ချင်ဘူး ဆိုရင်လည်း View Finderဟာ သင့်ရဲ့ အမှတ်တရ ဓာတ်ပုံတွေကို အစီအစဉ်တကျ ဖန်တီးပေးမယ့် အခမဲ့App တစ်ခုဖြစ်ပါတယ်။

၉။ “Crowsflight”ဆိုတာ ရိုးရှင်းပေမယ့် အသုံး၀င်တဲ့ Compass Appတစ်ခုပါ။ သင်သွားချင်တဲ့ နေရာကို Appမှာ ရိုက်ထည့်လိုက်တာနဲ့ Compassက ညွှန်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁၀။ IFTTT ဆိုတာကတော့ အလိုလျောက် အင်တာနက်စနစ်နဲ့ Online Web Serviceတစ်ခုပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဖြန့်ချိခဲ့တာဖြစ်ပြီး များစွာသော Web Serviceတွေ Appတွေနဲ့ သင့်ကိုချိတ်ဆက်ပေးမှာပါ။

၁၁။ iPadနဲ့ iPhoneတွေမှာ သုံးလို့ရမယ့် djay2 For iPhoneနဲ့ djay2 For iPad ပါ။ အဆိုပါ Appကတော့ သင့်စမတ်ဖုန်း (သို့) Tabletကို ပြည့်စုံကောင်းမွန်တဲ့ DJတစ်ခု ဖြစ်အောင် ပြောင်းလဲသွားစေမှာပါ။ အဆိုပါ Appမှာ ပရော်ဖက်ရှင်တွေလို Effectထည့်တာ၊ Looping, Cue Pointsနဲ့ Auto-Mixingစတာတွေပါ သုံးနိုင်ပါတယ်။

၁၂။ Mynd ဆိုတဲ့ Free Calendar Appလေးဟာ သင့်အချိန်တွေကို ဘယ်လိုကုန်ဆုံးစေမလဲလို့ ကူညီပေးမှာပါ။ “Calendar With A Brain”လို့ တင်စားခေါ်ေဝါ်ကြပြီး သင့်ရဲ့Contact, Maps, Location, Facebook, Evernoteနဲ့ Linkedlnအကောင့် တွေကို အသုံးပြုပြီး သင့်ရဲ့နေ့ရက်တွေကို ရုပ်ပုံလှလှလေးတွေနဲ့ ပုံဖော်ပေးမှာ ဖြစ်ပါတယ်။

၁၃။ နောက်ထပ် Freeရတဲ့ Digg’s newsreader App ကတော့ ရှင်းလင်းတဲ့ Interfaceနဲ့တကွ သင်စိတ်၀င်စားနေတဲ့ သတင်းတွေအပေါ် Followလုပ်ဖို့ အလွန်ပဲ ကောင်းမွန်လှပါတယ်။ အဆိုပါ Appဟာ မည်သည့် သတင်း၀က်ဘ်ဆိုဒ်က သတင်းတွေကိုမဆို Importလုပ်ပြီး သင့်ကို အချိန်နဲ့ တစ်ပြေးညီ အသိပေးသွားမှာ ဖြစ်ပါတယ်။

Source: Business Insider

Leave a Reply

Your email address will not be published. Required fields are marked *