Gadgets, News

Universal Translator နဲ့ ပြောချင်တဲ့ ဘာသာစကားကို ပြောလို့ရပြီ

ယခုချိန်ခါမှာ ကမ္ဘာကြီးရဲ့ တစ်နေရာနဲ့ တစ်နေရာကို သွားလာရတာ အင်မတန်မှ လွယ်ကူလာပါပြီ ။ ဒါကြောင့် သင့်အနေနဲ့ တစ်ခြားသော နိုင်ငံတွေဆီ အလည်အပတ်သွားရင်ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စ သွားရင်ပဲ ဖြစ်ဖြစ် အနည်းအများ ဘာသာစကားအခက်အခဲတွေ တွေ့ကောင်းတွေ့နိုင်ပါတယ် ။ သင့်အနေနဲ့ ဒီပြဿနာ ကို ဖြေရှင်းဖို့အတွက် Sigmo ဆိုတဲ့ Universal Translator လေးကို ဆောင်ထားလိုက်ပါ ။ Sigmo ဟာ အရွယ်အစားသေးငယ်ပြီးတော့ လေးထောင့်ကျကျ ပုံစံ ပစ္စည်းတစ်ခုဖြစ်ပါတယ် ။ Sigmo မှာ Microphone တစ်ခု ၊ Speaker တစ်ခုပါ၀င်ပါတယ် ။Sigmo ဟာ Cloud တွေနဲ့ ချိတ်ဆက်ထားပြီး အပြန်အလှန် သတင်းအချက်အလက်တွေ ပေးလို့ရပါတယ် ။

sigmo (1)

Sigmo မှာ သင်ဘာသာပြန်စေချင်တဲ့ Language ကို Select လုပ်ပါ ။ ပြီးတာနဲ့ Sigmo ကိုကိုင်ပြီး သင်ဘာသာပြန်စေချင်တဲ့ စကားကို ပြောပါ ။ Sigmo ဟာ သင့်ရဲ့ အသံတွေကို Record လုပ်ထားမှာ ဖြစ်ပါတယ်။ သင်ပြောလို့ပြီးတာနဲ့ Record မှတ်ထားတဲ့ အသံတွေကို သင့်ရဲ့ Smartphone Bluetooth Connection မှ တစ်ဆင့် Cloud တွေဆီကို ဘာသာပြန်ဖို့ ရောက်သွားမှာဖြစ်ပါတယ်။ Google Translate လို ၀န်ဆောင်မူ့တွေမှ တစ်ဆင့် ဘာသာပြန်ထားတာတွေကို သင့်ရဲ့ Device ဆီကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။ Sigmo မှာ ဘာသာပြန်ထားတဲ့ အသံတွေကို Play Back ပြုလုပ်ပြီး နားထောင်နိုင်ပါတယ် ။

Sigmo ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ အင်တာနက် Connetction ပေါ်မှာ မူတည်နေပါတယ် ။ ဒါပေမဲ့ Sigmo ဟာ Simple Bluetooth Speaker တစ်ခုကဲ့သို့ အလုပ်လုပ်နိုင်ရုံသာမက Android Device တွေမှာ ရှိတဲ့ Google Voice Search လိုမျိုးလည်း အလုပ်လုပ် နိုင်ပါတယ် ။ Sigmo ဟာ သယ်ဆောင်ရတာလွယ်ကူပြီးတော့ သင်ရောက်ရှိနေတဲ့ နိုင်ငံက လူတွေနဲ့လည်း အလွယ်တကူ ထိတွေ့ပြောဆိုဆက်ဆံနိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်မဲ့သူတွေ နဲ့ အလည်အပတ်သွားမဲ့ သူတွေအတွက် ဒီ Sigmo Universal Translator လေးက အကူညီပေးပါလိမ့်မယ်။ Sigmo Universal Translator ကို ၂၀၁၄ ဇန်နဝါရီလ မှာ ရောင်းချမယ်လို့ သိရှိရပါတယ် ။ ရောင်းချမဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၀ လို့ သိရပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *