How-to

Online Surveyတွေ လွယ်လွယ်ကူကူ ပြုလုပ်ပေးမယ့် Typeform

ဒီနေ့ခေတ်မှာ Company, Servicesတွေက သူတို့ရဲ့ Products, Servicesတွေကို စားသုံးသူတွေ ကျေနပ်မှုရှိမရှိ သိချင်ရင် Online Surveyတွေ ပြုလုပ်ပြီး သိရှိနိုင်ပါတယ်။ Online Surveyတွေ ပြုလုပ်နိုင်တဲ့ ၀က်ဆိုက်တွေ အများကြီးရှိပေမယ့် များသောအားဖြင့် အခမဲ့ အသုံးပြုလို ့မရပါ။ Typeformက ၀က်ဆိုက်အသစ် တစ်ခုဖြစ်ပြီး Online Survey တွေကို လွယ်လွယ်ကူကူ ပြုလုပ်ပေးနိုင်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။Typeformကို အသုံးပြုဖို့ အကောင့်တစ်ခု ပြုလုပ်ရမှာဖြစ်ပြီး Surveyတွေကို Hostလုပ်ဖို့ နှစ်သက်ရာနာမည်နဲ့  လိပ်စာ  ရယူနိုင်ပါတယ်။ သင့် Surveyတွေကို yourname.typeform.comမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Login ၀င်ပြီးရင် Dashboardကို တွေ မြင်နိုင်ပြီး အဲဒီနေရာကနေ Online Surveyတွေကို ပြုလုပ်နိုင်သလို Manageလည်း လုပ်နိုင်ပါတယ်။ Typeformက Beta အဆင့်ပဲ ရှိသေးတာဖြစ်ပြီး တချို ့ Limitationတွေတော့ ရှိပါတယ်။ Survey တစ်ခုကို (၅၀၀၀) Responcesပဲ လက်ခံရရှိမှာဖြစ်ပြီး Forms သုံးခုပဲ ပြုလုပ်နိုင်သလို Form တစ်ခုကိုလည်း မေးခွန်း (၂၀)ပဲ အသုံးပြုနိုင်မှာပါ။ အဲဒီ Limitationတွေကို ပိုအသုံးပြုချင်ရင် Typeform အကြောင်းကို Facebook, Twitter or Google+ မှာ Share လုပ်ပေးနိုင်ပါတယ်။


Survey Form တစ်ခုပြုလုပ်ဖို ့ Create a new typeformကို နှိပ်ပါ။ နာမည်ပေးပြီး Language ရွေးပေးပါ။ English အပြင် Chinese, Croatian, Danish, Dutch, French, Finish, German, Italian and Spanishတွေကို သုံးနိုင်ပါတယ်။

Create it! buttonကို နှိပ်ရင် Dashboardမှာ Typeform တစ်ခုတွေ့မြင်ရမှာဖြစ်ပြီး Add Questionsကို နှိပ်ပါ။

Typeform တစ်ခုကို  Build, Design, Configure, Distribute and Analyze စတဲ့ အဆင့်ငါးဆင့်နဲ့  လွယ်လွယ်ကူကူ လျင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။ Build Tabမှာ မေးခွန်းတွေကို ရွေးချယ်ပေးရမှာပါ။ မေးခွန်းတွေကတော့ Multiple Choice, Short Questions, Picture Choice, Yes/No Type, Rating, Number Dropdown စတာတွေ ဖြစ်ပါတယ်။ Welcome Noteတွေလည်း ပြုလုပ်နိုင်ပြီး ပုံတွေပါ အသုံးပြုနိုင်ပါတယ်။ Survey ဖြေဆိုပြီးသူကို Thank You Screenတွေကိုလည်း ပြပေးနိုင်ပါတယ်။

မေးခွန်းတွေကို မိမိနှစ်သက်သလို ပြုလုပ်နိုင်ပြီး Image, Video စတာတွေပါ ထည့်သွင်း အသုံးပြုနိုင်ပြီး ‘Did you find the above video or image useful?’  စတဲ့ မေးခွန်းမျိုးလည်း မေးနိုင်ပါတယ်။

Design Tabမှာတော့ Survey Formရဲ့ Layoutကို ပြုလုပ်နိုင်ပြီး ရွေးချယ်စရာ Themeတွေလည်း ရှိပါတယ်။ Background Image တွေလည်း သုံးနိုင်ပြီး Colour, Fontsတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ Configure Tabမှာတော့ တစ်စုံတစ်ယောက်က Survey ဖြေဆိုပြီးရင် သိနိုင်ဖို့ အီးမေးပေးထားနိုင်သလို  Survey ဖြေဆိုသူကို အီးမေးပေးပို့ ဆက်သွယ်နိုင်ဖို့တွေ ပြုလုပ်နိုင်ပါတယ်။

Distribute Tabမှာတော့ Survey Formကို Social Networksတွေမှာ Shareလုပ်ဖို့ လင့်ရယူနိုင်ပြီး ၀က်ဆိုက်တွေမှာ ထည့်သွင်းနိုင်ဖို့ HTML Codeလည်း ရယူနိုင်ပါတယ်။Analyze Tabမှာတော့ Survey ဖြေဆိုသူတွေရဲ့ Results တွေကို တွေ့မြင်နိုင်ပြီး ဖြေဆိုသူတွေရဲ့  Device အမျိုးအစားအလိုက် ပြပေးမှာ ဖြစ်ပါတယ်။ Resultတွေကို xls Format အနေနဲ့ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

Mobile Deviceတွေကနေ Survey ဖြေဆိုသူတွေ အနေနဲ့လည်း Typeformရဲ့ mobile-friendly responsive themes ကို တွေ့မြင်နိုင်တဲ့အတွက် PC, Mobile  စတဲ့ Deviceတွေကနေ  Typeformရဲ့ လှပတဲ့ ဒီဇိုင်းကို ခံစားအသုံးပြုနိုင်မှာပါ။ Online Surveyတွေကို လွယ်လွယ်ကူကူနဲ့ လှပစွာ ပြုလုပ်ချင်သူတွေအတွက် Typeformက ကောင်းမွန်တဲ့ Free Service တစ်ခုအဖြစ် တင်ပြလိုက်ပါတယ်။

Visit Typeform 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *