Review

Turbo

Genre – Comedy, Sports
Studio – Dreamworks Animation Studio
Distributor – 20th Century Fox
Score – 3 out of 5

ကားပြိုင်ပွဲတွေအခြား racing event တွေပေါ် မှီငြမ်းထားတဲ့ ရုပ်ရှင်တွေအနေနှင့် လူသားဇာတ်ကောင်များပါဝင်တဲ့ live action ဇာတ်ကားတွေ အထွက်များတာကို ပုံမှန်တွေ့ရလေ့ရှိပေမည့် 3D Animation ဇာတ်ကားအနေနှင့် ကြည့်ရင်တော့ နာမည်ကြီးဆိုလို့ Walt Disney Pictures နှင့် Pixar Animation Studio ရဲ့ Cars နှင့် မကြာခင်က ရုံတင်ပြသသွားတဲ့ Planes ဇာတ်ကားတွေ လောက်သာ ရှိတာတွေ့ရမှာပါ။ Dreamworks Animation Studio ရဲ့အသစ်ထွက်လာတဲ့ Turbo အမည်ရ 3D Animation ဇာတ်ကားမှာတော့ Turbo အမည်ရ Indy 500 ကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ခရုကလေးရဲ့ ဇာတ်လမ်းကို မြင်တွေ့ရမှာပါ။ ခရူက အပြေးပြိုင်တယ် ဆိုတော့ အမှတ်တမဲ့ဆိုရင် ရယ်စရာကြီးဖြစ်နေပေမည့် Pixar အနေနှင့်တောင် Ratatouille ရုပ်ရှင်မှာ ကြွက်ကို four-star အဆင့်စားသောက်ဆိုင်ရဲ့ စားဖိုမှုးအဖြစ် စိတ်ဝင်စားဟပို့ကောင်းအောင် တင်ဆက်ခဲ့ပေးနိုင်တာဖြစ်သလို Turbo မှာ ဆိုရင်လည်း သာမှန်ခရုကလေး Theo ဘဝကနေ အရမ်းမြန်တဲ့ Turbo အဖြစ်အသွင်ပြောင်းသွားပုံကို ပရိသတ်သဘောကျအောင် တင်ဆက်ပေးထားနိုင်တာ တွေ့ရပါတယ်။

Turobo ရဲ့ဇာတ်လမ်းအစမှာတော့ ခရုညီအစ်ကိုဖြစ်တဲ့ Theo နှင့် Chet တို့ဟာ ခရမ်းချဉ်သီးစိုက်ကွင်းအတွင်းမှာ နေထိုင်တဲ့ ခရူကလေးများဖြစ်ပြီး သူတို့ရဲ့ကိုယ်ပိုင်လူ့ အဖွဲ့အစည်းနှင့် ecosystem အတွင်းနေထိုင်ကြသူတွေဖြစ်ပြီး Theo ကတော့ လူသားတွေရဲ့ ကားပြိုင်ပွဲမှတ်တမ်းတင် tape ခွေဟောင်းတွေကို အမြဲတမ်းကြည့်ရှုပြီး ပြိုင်ကားမောင်းသူတွေကို သဘောကျနေသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ မတော်တဆမှုတစ်ခုကြောင့် Theo ဟာ ဒဏ်ရာရရှိပြီးနောက် ကားတစ်စီးရဲ့ အင်ဂျင်အတွင်းရောက်ရှိသွားပြီး အထူးကောင်းမွန်တဲ့ super-fuel ဓာတ်ဆီတစ်မျိုး သောက်သုံး မိပြီးတဲ့အခါမှာတော့ အပြေးမြန်တဲ့ အထူးစွမ်းအင်ကို ရရှိခဲ့ပါတယ်။ အပြေးမြန်တဲ့ စွမ်းအင်ရရှိပြီးတဲ့ နောက်ပိုင်းမှာတော့ Theo ဟာ Turbo အမည်ရ racing တစ်ယောက်အမည်ခံယူပြီး jetpack နှင့် အခြား racing equipment မျိုးစုံတပ်ဆင်ပြီး အပြေးပြိုင်ကြတဲ့ Snail Racing လောကအတွင်း ဝင်ရောက်ခဲ့ပုံဖြင့် ပြိုင်ပွဲများကို စတင်ထားပါတယ်။

Turbo ဇာတ်လမ်းမှာ Dreamworks ရဲ့ ထုံးစံအတိုင်း နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်အများအပြားကို အသံသရုပ်ဆောင်များအဖြစ် အသုံးပြုထားရာမှာ Turbo အဖြစ် Ryan Reynolds၊ သူ၏ အစ်ကို Chet အဖြစ် Paul Giamatti ၊ ခရူကလေး Smoove Move အဖြစ် Snoop Dogg၊ Starlight Plaza Snail crew ခေါင်းဆောင် Whiplash အဖြစ် Samuel L. Jackson တို့က ပါဝင်ထားပါတယ်။ Animation quality ပိုင်းအနေနှင့် အရမ်းကြီး ထူးခြားမှု မရှိဘဲ သာမန်အဆင့်သာ မြင်တွေ့ရမှာဖြစ်ပေမည့် ခရုတွေရဲ့ ဇာတ်ကောင်ဒီဇိုင်းတွေမှာ မတူညီတဲ့ ခရုခွံနှင့် racing equipment မျိုးစုံပေါင်းစပ်ပေးထားတာတွေ၊ အပြေးပြိုင်တဲ့အခါမှာ သွက်လက်တဲ့ နောက်ခံ Hip Hop သီချင်းကောင်းတွေနှင့် တွဲဖက်ပေးထားတာတွေက ကလေးပရိသတ်ကော လူကြီးပရိသတ်ပါ သဘောကျမှာ ဖြစ်ပါတယ်။ Turbo – Super Stunt Squad အနေနှင့်လည်း Stunts တွေ ပြုလုပ်ဖို့ ဂိမ်းထွက်ထားသလို Turbo: F.A.S.T. (Fast Action Stunt Team) အမည်ရ 3D TV ဇာတ်လမ်းတွဲကလည်း December လမှ စပြီး ထွက်ရှိဦးမှာဖြစ်လို့ Turbo ဟာ Animation ပရိသတ်များ နှစ်သက်မည့် franchise သစ် တစ်ခုဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

One thought on “Turbo

  1. JohnSonmaung says:

    That snail is fast!!

Leave a Reply

Your email address will not be published. Required fields are marked *