Education

TMC Academyမှ ပညာရေး ဆွေးနွေးပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံမှ ITနှင့် Business ဘာသာရပ်ကို စိတ်၀င်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် စင်္ကာပူနိုင်ငံ၏ TMC Academyမှ ပညာရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၁ ရက်၊ ညနေ 4နာရီမှ 6နာရီ အချိန်တွင် SR Worldwide Education  ရုံးခန်းတွင် ကျင်းပ၊ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။ အဆိုပါပွဲတွင် TMC Academyမှ တာ၀န်ရှိသူကိုယ်တိုင် လာရောက် ဆွေးနွေးသွားမည်ပင် ဖြစ်သည်။

TMC Academyတွင် သင်ယူနိုင်မည့် စီးပွားရေးဘာသာရပ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ ဘာသာရပ်များ၊ IT ဘာသာရပ်များ၊ လူမှုဆက်ဆံရေးနှင့် ပတ်သက်သော ဘာသာရပ်များ ဥပဒေနှင့် စိတ်ပညာ ဘာသာရပ်များအကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းတို့ကို ရှင်းလင်းပြောပြသွားမည် ဖြစ်သည်။ TMC Academyတွင် အင်္ဂလိပ်စာ၊ GCE”O” Levelစသည့် English Courseများလည်း တက်ရောက်နိုင်ပါသည်။ ထို့အပြင် TMC Academy၏ Monash College စီးပွားရေးဒီပလိုမာ ပထမပိုင်းနှင့် ဒုတိယပို်င်း နှစ်ခုပေါင်း ၁၆ လ တက်ရောက်ပြီးပါက  ကမ္ဘာ့ထိပ်တန်း ၁ ရာခိုင်နှုန်း စာရင်း၀င် သြစတြေးလျ Monash University၏ ဒုတိယနှစ် စီးပွားရေးဒီဂရီတန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်ခြင်း၊ ကွန်ပျူတာ ဘာသာရပ်ကို စိတ်ပါ၀င်စားသူများအတွက် University of Cambridge International Examination (CIE)၏ အဆင့်မြင့် အိုင်တီဒီပလိုမာကို TMC တွင် တက်ရောက်ပြီး  University of Greenwich, UKမှ ပေးအပ်သော အိုင်တီဘွဲ့ဒီဂရီတို့ကို တစ်နှစ်အတွင်းရရှိနိုင်ခြင်း၊ မိမိတက်ရောက်ရန် ရွေးချယ်ထားသည့် တက္ကသိုလ်ပေါ် မူတည်၍ ဆွစ်ဇာလန်နိုင်ငံတွင် စာတွေ့ ၆လ ပညာသင်ကြားပြီး လခစား လက်တွေ့ ၆လ လုပ်ငန်းခွင် ဆင်းခွင့် (သို့)  ၁၅ ပတ်ကို အင်္ဂလန် နိုင်ငံတွင် တိုက်ရိုက်သွားရောက် ပညာသင်ကြားကာ၊ ၄လ အဝေးရောက် ပညာသင်ကြားခွင့်များ ရရှိနိုင်ခြင်း စသည်တို့အပြင် TMC Academy၏ အင်္ဂလိပ်စာ သင်တန်းများ၊ TMC နှင့် ချိတ်ဆက်ထားသည့် တက္ကသိုလ်ကြီးများနှင့် ၎င်းတို့မှ ပေးအပ်ချီးမြှင့်မည့် ဘွဲ့လွန်နှင့် ဘွဲ့ဒီဂရီများအကြောင်း အသေးစိတ် ဆွေးနွေးပေးမည် ဖြစ်သည်။

ဒါ့အပြင် LCCI Level (III) Group Diploma ရရှိထားသောကျောင်းသား၊ ကျောင်းသူများ အတွက် အချိန်တိုအတွင်း University of Gloucestershire, UKမှ ပေးအပ်သည့်အကြောင်းများနှင့် IT ဘာသာရပ်ကို စိတ်၀င်စားသူများအတွက် မြန်မာနိုင်ငံမှ IDCS/IADCS အောင်မြင်ထားသူများအတွက် အချိန်တိုအတွင်း တက်ရောက်နိုင်မည့် လမ်းကြောင်းများကို ဆွေးနွေးပေးသွားမည်။ အသေးစိတ် သိရှိလိုပါက SR Worldwide Education ဖုန်း 01-210-765, 09-514-8848, 09 -542-8848, 09-543-8848သို့ ဆက်သွယ်၊ စုံစမ်း၊ မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *