တန်ဖိုးကြီး Smartphone များထုတ်လုပ်တဲ့ Gresso က Android ဖုန်းတစ်မျိုးကို အကန့်အသတ်ဖြင့် ထုတ်လုပ် ရောင်းချပေးလိုက်ပါတယ်။Gresso Radical R1 ကို Grade 5 Titanium ဖြင့်ပြုလုပ်ထားပြီး ၄.၅ လက်မ အရွယ် 960×540 Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass ဖြင့်ကာကွယ်ထားပါတယ်။ 1.2GHz Quad-Core Processor လည်ပတ်မောင်းနှင်မှာဖြစ်ပါတယ်။
Titanium ဖြင့်ပြုလုပ်ထားသော Sensor Key များပါရှိပြီး ၂၁၉ ဂရမ် အလေးချိန်ရှိပါတယ်။ အမျိုးအစားသုံးမျိုးရရှိနိုင်ပြီး Radical R1 မှာ Titanium Logo ပါရှိပြီး ဒေါ်လာ ၁၈၀၀ ၊ Radical R2 မှာ ၁၈ ကာရက် ရွှေ ဖြင့်ပြုလုပ်ထားတဲ့ Logo ပါရှိပြီး ဒေါ်လာ ၂၃၀၀ ၊ Radical R3 မှာ ၁၈ ကာရက် ရွှေဖြူဖြင့်ပြုလုပ်ထားတဲ့ Logo ပါရှိပြီး ဒေါ်လာ ၂၃၀၀ သတ်မှတ်ထားပါတယ်။
တစ်ခြား Specification များအနေနဲ့ 8 Megapixel အနောက်ကင်မရာ ပါရှိပြီး 36GB Internal Storage , Dual-SIM, Android 4.1.2 Jelly Bean တို့ပါရှိပါတယ်။ အရွယ်အစားအပြည့်အစုံ မှာ 138 х 69 х 12 mm ဖြစ်ပြီး တစ်လက်မကို Pixel သိပ်သည်းဆ ၂၄၅ ပါရှိပါတယ်။
အဆိုပါဖုန်းများကို ၂၀၁၄ ခုနှစ် မှာ Las Vegas မှာပြုလုပ်မယ့် Consumer Electronics Show မှာ အသေးစိတ်ပြသမှာဖြစ်ပါတယ်။
အဆိုပါဖုန်းများကို အလုံးရေ ၉၉၉ လုံးသာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အသေးစိတ်ကို Gresso.com မှာလေ့လာနိုင်ပါတယ်။