Opinion

အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-Yun

တရုတ်ပြည် Szechwan ပြည်နယ်မှာ Li Ching-yun ဆိုသူဟာ အံ့သြဖွယ်ရာ နှစ်ပေါင်း ရာကျော်နေ ခဲ့သူဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အသက်အရွယ်အပိုင်းအခြားအရ သူဟာ တကယ့်ကို မယုံနိုင်ဖွယ်ရာ ဖြစ်ခဲ့ ပါတယ် ။ သူ့ရဲ့ ကိုယ်ပိုင် story အရတော့ ၁၇၃၆ မှာမွေးဖွားခဲ့ပြီး ၁၉၇ နှစ်နေထိုင်ခဲ့တယ်လို့သိရပါတယ် ။

သူ အသက် ဆယ်နှစ်လောက်အရွယ်တွေမှာ Kansu, Shansi, Tibet, Annam, Siam နဲ့ Manchuria ဒေ သတွေကို ဆေးဖက်၀င်အပင်တွေကို စုဆောင်းဖို့ ခရီးသွားလာခဲ့ပါတယ် ။ သူ့ရဲ့ ပထမ နှစ် ၁၀၀ အတွင်း မှာလည်း သူဟာ ဆေးဖက်၀င်အပင်တွေကို စုဆောင်းရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။ သူဟာ အဲဒီ အပင်တွေကြားမှာပဲနေပြီး သူ့မှာ ဆန်နဲ့ပြုလုပ်ထားတဲ့ ဝိုင်တွေ ပေါများစွာ ရှိခဲ့တယ် ။

သူ့ကို ဘာကြောင့်အသက်ရှည်သလဲလို့ မေးမြန်းတဲ့အခါ သူ့လျှို့ဝှက်ချက်ကတော့ “ တိတ် ဆိတ်ငြိမ် သက် တဲ့ နှလုံးသားနဲ့နေပါ၊ လိပ်တစ်ကောင်လိုထိုင်ပါ၊ ပင်ကွင်းငှက်လို လမ်းလျှောက်ပါ၊ ခွေးတစ်ကောင်လို အိပ်ပါ ” လို့သူပြန်ဖြေခဲ့တယ် ။ ဒါပေမယ့် စစ်ဘုရင် Wu Pei-fu က အဲဒီ ဖော်မြူလာကိုဘ၀င်မကျခဲ့ဘူး ။ ဒါကြောင့် သူဟာ Li ကို အိမ်ကိုဖိတ်ခေါ်ခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်းမှာ အသက်အရှည် ဆုံးဘယ်လိုနည်း လမ်းတွေ နဲ့နေထိုင်ရမလဲဆိုတာ သင်ကြားစေခဲ့တယ် ။

အချို့ပြောတာကတော့ သူ့မှာ သေဆုံးပြီးသားဇနီး ၂၃ ယောက်ရှိပြီး လက်ရှိ ၂၄ ယောက်မြောက် ဇနီးနဲ့နေ ထိုင်တယ်လို့ဆိုပါတယ် ။ အဲဒီ ၂၄ ယောက်မြောက်ဇနီးဟာ အသက် ၆၀ အရွယ်ရှိပြီး မျိုးဆက် ၁၁ ဆက်ကို ပြန့်ပွားနိုင်ခဲ့တယ်။ Li ရဲ့ ညာလက်က လက်သည်းတွေဟာ ၆ လက်မ ရှည်လျှားပါတယ် ။ ၁၉၃၀ ခုနှစ်မှာတော့ ပရော်ဖက်ဆာ Wu Chung-chieh ဟာ အမှတ်မထင် ထူးဆန်းတဲ့အရာကိုရှာတွေ့ခဲ့တယ် ။ သူဟာ Chengtu University မှ ပရော်ဖက်တစ်ဦးလည်းဖြစ်ပါတယ် ။ သူတွေ့ခဲ့တာကတော့ Li Ching-yun ဟာ ၁၈၂၇ ခုနှစ်မှာ တရုတ် အစိုးရက သူ့မွေးနေ့အတွက် အသက်ရှည်ခြင်းအား ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း ပေးပို့ထားတဲ့ မှတ်တမ်း မှတ်ရာတွေကိုပါပဲ ။

အဲဒီမွေးနေ့ဟာ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်ပါတယ် ။ သိပ်မကြာသေးခင် ရက်သတ္တပတ်ကပဲ Li ဟာ သေဆုံး သွားခဲ့တယ် ။ အဲဒီလိုဆိုရင် Li Ching-yun ဟာ ကမ္ဘာမြေပေါ်မှာ 256 နှစ်တိုင်တိုင် အသက်ရှင်နေထိုင်သွားခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်လို့နေပါတယ် ။ ကဲ အံ့သြဖွယ်ရာ မယုံနိုင်စရာဖြစ်မနေဘူးလား ။

(ကျွန်တော့်အထင်ကတော့ ပရော်ဖက်ဆာ ရှာတွေ့ခဲ့တဲ့ record ထဲက လူနဲ့ Li ဟာ တစ်ယောက် တည်းဆို ရင်တော့ Li ဟာ တကယ်ပဲ ၂၅၆ နှစ်အသက်ရှည်ခဲ့တဲ့သူဖြစ်ပါတယ် ။ တစ်ယောက် စီဖြစ်နေမယ်ဆိုရင်တော့ Li ဟာ ၁၉၇ နှစ်အသက်ရှည်ခဲ့သူဖြစ်ပါ့တယ်)

Leave a Reply

Your email address will not be published. Required fields are marked *