News

AK-47 ကို တီထွင်သူ Mikhail Kalashnikov ကွယ်လွန်ပြီ

AK-47 ကိုတီထွင်သူ Mikhail Kalashnikov ဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ် ။ Mikhail Kalashnikov ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့ မှာ ကွယ်လွန်သွားကြောင်း ရုရှားနိုင်ငံရဲ့ ရုပ်သံသတင်း ဌာနက ကြေညာ သွားခဲ့တာဖြစ်ပါတယ် ။ Kalashnikov ဟာ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ခံစားနေရတာ တော်တော်ကြာခဲ့ပြီဖြစ်ကြောင်း ကိုလည်း ပြောကြားသွားခဲ့ပါတယ် ။ Mikhail Kalashnikov ဟာသူရဲ့ AK-47 ရိုင်ဖယ် တီထွင်မှုကြောင့် နာမည်ကြီးကျော်ကြားခဲ့ပေမဲ့ AK-47 ဟာ ကမ္ဘာ့ အရက်စက်ဆုံးတိုက်ပွဲတွေမှာ အသုံးပြုခြင်းခံခဲ့ရတာကြောင့် Mikhail Kalashnikov ရဲ့ တီထွင်မှု့ဟာ သမိုင်းမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။

Mikhail Kalashnikov ကို ၁၉၁၉ နို၀င်ဘာ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ် ။ Mikhail Kalashnikov ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တင့်ကား Commander အဖြစ် တာ၀န်ယူခဲ့ပြီးနောက် အရှေ့ပိုင်းစစ်မျက်နှာပြင်တိုက်ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပါတယ် ။ Mikhail Kalashnikov ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး နောက်ပိုင်းမှာ အသေးစား လက်နက်တီထွင်ထုတ်လုပ်မှုတွေကို စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ ရိုင်ဖယ်သေနတ်တွေရဲ့ သမိုင်းမှာ ဖျက်အားအပြင်းဆုံး ရိုင်ဖယ် အဖြစ်မှတ်တမ်းတင်ခံရတဲ့ Avtomat Kalashnikov Model 1947 ကိုတီထွင်ပြီးနောက်ပိုင်းမှာတော့ Mikhail Kalashnikov ဟာ နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်ပါတယ် ။ ၁၉၄၉ ခုနှစ်မှာတော့ AK-47 ရဲ့ အကြမ်းခံနိုင်ခြင်း၊ အသုံးပြုရလွယ်ကူခြင်း ၊ တိကျမှုရှိခြင်းတို့ကြောင့် ဆိုဗီယက်တပ်မတော် မှာ စတင်သုံးစွဲခဲ့ပါတယ်။

AK-47 ကိုတီထွင် ထုတ်လုပ်မှုဟာ အမိနိုင်ငံတော်ကို ကာကွယ်ဖို့အတွက်ဖြစ်ကြောင်း နဲ့ ဒီလိုတီထွင်နိုင်မှုအတွက်လည်း သူ့အနေနဲ့ ဂုဏ်ယူကြောင်း ၊ ဒါပေမဲ့ AK-47 ကို အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်မှု့တွေအတွက် အသုံးပြုခဲ့ခြင်းကြောင့် သူ့အနေနဲ့ ၀မ်းနည်းရကြောင်း Mikhail Kalashnikov က ပြောကြားထားခဲ့ ပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *