News

တတိယအကြိမ်မြောက် Developer Conference ကျင်းပမည်

နည်းပညာဆိုင်ရာ Solution ရေးသားသူများ၊ အခြားနည်းပညာ စိတ်ဝင်စားသူများ တက်ရောက်ကြသည့် Developer Conferenceကို ပြည်တွင်းတွင် တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Developer Conference (DevCon 2013-Yangon)ကို ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA)မှ ကြီးမှုး၍ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ယင်းကွန်ဖရင့်ကို ခေါင်းစဉ်ရှစ်ခုဖြင့် ဆွေးနွေးမည်ဖြစ်ပြီး မိုဘိုင်းအက်ပလီကေးရှင်း၊ ဝက်ဘ်အက်ပလီကေးရှင်း၊ ဂိမ်းအက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်အက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်ရေးဆွဲခြင်း စီမံခန့်ခွဲမှုနှင့် အခြား ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ DevCon-2013 ရန်ကုန်တွင် စာတမ်းရေးသား ဖတ်ကြားလိုသူများသည် မိမိတို့၏ စာတမ်းခေါင်းစဉ်နှင့် အကျဉ်းချုပ်ကို လာမည့် စက်တင်ဘာလ ၂၈ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။ DevCon 2013-Yangonကို ကွန်ပျူတာ ပညာရှင်များအကြား အိုင်စီတီ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာများ ဖလှယ်ရန်၊ အိုင်တီအသုံးချ Softwareကောင်းများ တီထွင်ဖန်တီးရေးသားနိုင်သည့် Developerများပေါ်ထွက်လာစေရန်နှင့် ICT Developer ဖြစ်လိုသူများအတွက် နည်းလမ်းကောင်းများ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။ Developer Conferenceနှင့် ပတ်သက်သော အချက်အလက်များနှင့် Proposal Formများကို devconmyanmar.org, mcpamyan-mar.org/download/ဝက်ဘက်ဆိုက်များတွင် ရယူနိုင်ပြီး အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဖုန်းနံပါတ် ၀၁-၆၅၂-၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *