Mobile, Review

ရေစိုခံနိုင်မှု အမြင့်ဆုံး ဖုန်းတစ်လုံး ဖြစ်တဲ့ Sony Xperia Z

လက်ရှိ ဖုန်းလောကမှာတော့ Sonyရဲ့ ဖုန်းတွေက ရေအစို ခံနိုင်မှုကောင်းမွန်တာ တွေ့ရပါတယ်။ သူက တစ်ခြား ဖုန်းကုမ္ပဏီတွေလိ်ု ပါးလွှာအောင်၊ Screenကျယ်အောင်၊ စွမ်းဆောင်ရည် မြင့်မားအောင် ထုတ်လုပ်တာတွေလို Sonyကလည်း ရေစိုခံနိုင်အောင် အဓိကထား ဖန်တီးထုတ်လုပ်တာ တွေ့ရပါတယ်။

General

ဒီနှစ် ဆန်းပိုင်းကတည်းလောက်ကတည်းက ဈေးကွက်မှာ ဖြန့်ချိထားတာ ဖြစ်ပြီးတော့ GSMစနစ်၊ HSDPAနဲ့ LTEစနစ်တွေထိအောင် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ထည့်သွင်း အသုံးပြုရမယ့် Sim အမျိုးအစားက micro-SIM ဖြစ်ပါတယ်။

Body

ကိုယ်ထည်ရဲ့ အရွယ်အစားက အမြင့် ၅.၄၇လက်မ၊ အကျယ် ၂.၈၀ လက်မနဲ့ အထူကတော့ ၀.၃၁လက်မရှိမှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁၄၆ဂရမ်ပဲ ရှိမှာ ဖြစ်တာကြောင့် သင့်တင့်ကောင်းမွန်တာတွေ့နိုင်ပါတယ်။

Display

Screenက TFT အမျိုးအစား ဖြစ်ပြီးတော့ အရောင်ပေါင်း ၁၆သန်းကို ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ ပြသပေးနိုင်မယ့် Screen အရွယ်အစားက ၅ လက်မ ဖြစ်ပြီးတော့ 1080×1920 Pixelနှုန်းနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ Multitouchစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ လက်ချောင်း ၁၀ချောင်းထိအောင် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Sound

အသံပိုင်းမှာတော့ Loudspeaker သီးခြား ပါ၀င်မှာ ဖြစ်သလို 3.5 mm Headphone Jackပေါက်လည်း ပါ၀င်မှာ ဖြစ်ပါတယ်။

Memory

RAMအပိုင်းမှာ 2GBပါရှိမှာ ဖြစ်တာကြောင့် Appတွေ အများကြီးကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်သလို Internal Memoryကလည်း 16 GBပါ၀င်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် micro SD Cardကို အသုံးပြုပြီးတော့ 64 GBထိအောင် တိုးမြှင့် အသုံးပြုနိုင်ဦးမှာ ဖြစ်တာကြောင့် ကောင်းမွန်တာတွေ့ရပါတယ်။

Data

Wifiအပိုင်းမှာတော့ နောက်ပိုင်း အသုံးပြုလာနိုင်မယ့် Wifi 802 acကို အသုံးမပြုနိုင်တာကလွဲလို့ ကျန်စနစ်တွေ အားလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth အပိုင်းမှာလည်း Version 4.0ထိအောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB Portလည်း ပါ၀င်မှာ ဖြစ်ပြီး microUSB Portတစ်ခု ပါ၀င်မှာပါ။

Camera

13.1 MPရှိမယ့် ကင်မရာ ပါ၀င်မှာ ဖြစ်ပြီးတော့ 4128×3096 Pixelနှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်တာကြောင့် အကောင်းဆုံးပါပဲ။ Autofocusစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် LED Flashလည်း ပါ၀င်မှာ ဖြစ်တာကြောင့် ညပိုင်းတွေမှာပါ ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Videoအပိုင်းမှာတော့ တစ်စက္ကန့်ကို ၃၀ Frameနှုန်းနဲ့ ရိုက်ကူးပေးနိုင်မှာ ဖြစ်သလို ရုပ်ထွက် တည်ငြိမ်မှုလည်း ကောင်းမွန်ပါလိမ့်မယ်။

Feature

အသုံးပြုထားတဲ့ OSစနစ်ကတော့ Androidဖြစ်ပြီး Version 4.1.2 Jelly Beanကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါ့အပြင် 4.2.2ထိအောင် Upgradeလုပ်ပြီး သုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။ Chipset အမျိုးအစားက Qualcomm MDM9215Mဖြစ်ပြီး CPUက Quad-Core အမျိုးအစား ဖြစ်ကာ မြန်နှုန်းက 1.5 GHzနဲ့ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ GPUအပိုင်းမှာတော့ Adreno 320ကို အသုံးပြုထားတာ တွေ့ရပြီး Media Playingအစုံကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Battery

Li-ion အမျိုးအစား ဘက်ထရီကို အသုံးပြု တပ်ဆင်ထားတာ တွေ့ရပြီးတော့ Capacityက 2330 mAhရှိမှာ ဖြစ်တာကြောင့် ကောင်းမွန်ပါတယ်။ တစ်ခုရှိတာက ဘက်ထရီကို အသေ တပ်ဆင်ထားတာ ဖြစ်ပြီးတော့ ဖယ်ထုတ်လို့ မရပါဘူး။ Stand-by အနေနဲ့ နာရီပေါင်း ၅၃၀လောက် သုံးစွဲနိုင်မှာ ဖြစ်ပြီးတော့ Talk Timeအဖြစ်နဲ့တော့ ၁၁နာရီကျော်လောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : http://www.gsmarena.com/sony_xperia_z-5204.php

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *