အမေရိကန် သမ္မတကတော် မီရှယ်အိုဘားမားက အ၀လွန်ခြင်းကို တိုက်ဖျက်သည့် သူ၏ စည်းရုံးလှုပ်ရှားမှုအတွက် လမ်းညွှန်မှုအသစ်အဖြစ် ရေများများသောက်ရန် အမေရိကန် နိုင်ငံသားများကို တိုက်တွန်းခဲ့သည်ဟု သိရသည်။ တစ်နေ့လျှင် ရေတစ်ခွက်ထက် မနည်း ပိုသောက်ရန် သမ္မတကတော်က အမေရိကန် နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။
“ကျွန်မတို့ ကိုယ်တိုင်နဲ့ ကျွန်မတို့ရဲ့ မိသားစုတွေ ကျန်းမာဖို့အတွက် ကျွန်မတို့လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ရေများများ သောက်ဖို့ပါပဲ။ တစ်နေ့ကို ရေတစ်ခွက် ပိုသောက်ပါ။ သင်တို့ရဲ့ ကျန်းမာရေးစွမ်းအားအတွက် လုံး၀သိသာလာမှာပါ။ ဒါကြောင့် ရေများများ သောက်ဖို့ တိုက်တွန်းပါတယ်”ဟု မီရှယ် အိုဘားမားက ပြောကြားခဲ့သည်။
မီရှယ်အိုဘားမားသည် သူ၏ ကနဦး စည်းရုံးလှုံဆော်မှုကို အမေရိကန် အနောက်မြောက်ပိုင်း ၀ှစ်ကွန်စင်ပြည်နယ်ရှိ ဝါးတားတောင်းမြို့တွင် သရုပ်ဆောင် အီဗာလွန်ဂိုရီယာနှင့်အတူ လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ ရေသောက်ရန် တိုက်တွန်းမှုအဖြစ် ရေဘူးသန်းပေါင်းများစွာနှင့် အများပြည်သူသုံး ရေပန်းများတွင် အထူးတံဆိပ်များ ပုံနှိပ်ဖော်ပြသွားမည်ဟု ဆိုသည်။
အ၀လွန်ခြင်းသည် အမေရိကန်တွင် ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အဓိက အကြောင်းအရာ တစ်ခုဖြစ်ပြီး အရွယ်ရောက်သူ သုံးဦးတွင် တစ်ဦးနှင့် ကလေးငါးဦးလျှင် တစ်ဦးတို့သည် အ၀လွန်မှု ဖြစ်ပွားနေသည်ဟု သိရသည်။
😀