News

GSM လိုင်းကတ် အရေအတွက် တိုးရောင်းမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အရေအတွက် ကန့်သတ် ရောင်းချပေးနေသည့် GSM လိုင်းကတ်များကို အရေအတွက် တိုးမြှင့်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ကျပ် ၁၅၀၀ တန် GSM မိုဘိုင်းလ်ဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇူလိုင်လအတွက် လိုင်းကတ် နှစ်သိန်း၊ သြဂုတ်လအတွက် လိုင်းကတ် နှစ်သိန်းတစ်သောင်း ခွဲဝေ ရောင်းချပေးခဲ့ပြီး စက်တင်ဘာလ ခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“လိုင်းအင်အား တိုးချဲ့ဖို့အတွက် ခုလည်းလုပ်နေတာပဲ။ ဖြည်းဖြည်းချင်းတော့ တိုးရောင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။ GSM မိုဘိုင်းလ်ဖုန်းလိုင်းများ တိုးမြှင့်ချထားပေးပါက လက်ရှိ လိုင်းအင်အားနှင့် မလုံလောက်သည့်အတွက် သေချာပေါက် လိုင်းကျပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ လိုင်းအင်အား တိုးမြှင့်ရန် လုပ်ဆောင်နေမှုမှာ စက်တပ်ဆင်သည့် အဆင့်သို့ မရောက်သေးကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

“ဒီလအတွင်း တိုးဖို့တော့ မီပါ့မလားမသိဘူး။ ဘယ်လောက် ရောင်းပေးမလဲ ဆိုတာ တစ်ပတ်အတွင်း သိရမှာပါ” ဟု ၎င်းကဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) က ထုတ်ပေးနေသည့် CDMA လိုင်းကတ်များ အတွက်ပါ စက်အင်အား တိုးချဲ့တပ်ဆင်ခြင်း မရှိကြောင်း အဆိုပါ တာဝန်ခံ အင်ဂျင်နီယာက ထုတ်ဖော်ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် (MEC) တို့က ဧပြီလမှစတင်ကာ CDMA လိုင်းကတ် စုစုပေါင်း ၁ ဒသမ ၃၅ သန်းနှင့် GSM လိုင်းကတ် ၀ ဒသမ ၄၁ သန်းကို ကျပ် ၁၅၀၀ နှုန်းဖြင့် ခွဲဝေ ရောင်းချခဲ့သော်လည်း ပြင်ပဈေးကွက် တွင် အနိမ့်ဆုံး CDMA အတွက် ကျပ်ခြောက်သောင်း၊ GSM အတွက် ကျပ်တစ်သိန်းနှစ်သောင်းခန့် ဈေးပေါက်လျက် ရှိသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

7 thoughts on “GSM လိုင်းကတ် အရေအတွက် တိုးရောင်းမည်

  1. Zinlin Mar says:

    နောက်(၈)လနေမှပဲ လမ်းဘေးမှာ စိတ်ကြိုက်ဝယ်သုံးတော့မယ်

  2. Nay Oo Paing says:

    ဟုတ်မှလဲ လုပ်ပါ

  3. Vai Lay says:

    လိုင်းကဒ်ပဲတိုးသွားတာ ဈေးက လျော့ကို မလျော့နိုင်ဘူး

  4. Vai Lay says:

    လိုင်းကဒ်ပဲတိုးသွားတာ ဈေးက လျော့ကို မလျော့နိုင်ဘူး

  5. များများမရောင်းရင် နောက်ရောင်းရဖို့မသေချာတော့လို့ပါ

  6. Athar Moe says:

    များများထုတ်လည်းဖုန်းလိုင်းမှမရှိတာ ဝယ်လည်း ဘာထူးမှာမို့လို့လဲ။ငွေကုန်တာဘဲအဖတ်တင်တာ

  7. ko chan says:

    ဆက်သွယ်ရေးကိုပြောပေးပါ ၀၉၇၃…. တွေကိုကော ၈၀၀ ဟန်းဆက်နဲ့ နယ်တွေသယ်လို့ ရအောင် မလုပ်ပေးတော့ဘူးလားလို့

Leave a Reply

Your email address will not be published. Required fields are marked *