How-to

Google Drive အတွက် အကောင်းဆုံး Add-On များ

Google က Google Drive အတွက် Add-On Store ကို ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ Google Drive မှာ Google Docs နဲ့ Google Sheets တွေပြုလုပ်နိုင်ပါတယ်။ Add-On တွေက Google Docs နဲ့ Google Sheets မှာ စွမ်းဆောင်ချက်တွေ ထပ်ဖြည့်ပေးလိုက်တာဖြစ်ပါတယ်။ Google က တစ်ကမ္ဘာလုံးမှာ အသုံးပြုသူများပြားတဲ့ Microsoft Office ကို ယှဉ်ပြိုင်ဖို့ ကြိုးစားမှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ Google Drive အတွက် အကောင်းဆုံး Add-On တွေကို ဖော်ပြပေးလိုက်ပါတယ်။

HelloFax
Google Documents တွေကို Fax ပို့ပေးနိုင်တဲ့ Add-On ဖြစ်ပါတယ်။ HelloFax ကို နှိပ်ပြီး Fax Number ထည့်ပေးလိုက်တာနဲ့ Fax ပေးပို့နိုင်ပြီဖြစ်ပါတယ်။ Document မှာ Sign ထိုးချင်ရင်တော့ HelloSign ကို အသုံးပြုနိုင်ပါတယ်။

2

Mapping Sheets
Mapping Sheets က Google Sheets မှာ Custom Google Map တွေ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ Google Sheet မှာ နာမည် နဲ့ လိပ်စာတွေထည့်သွင်းပေးလိုက်တာနဲ့ Google Map တစ်ခု ပြုလုပ်နိုင်ပါတယ်။ Contacts တွေရဲ့ မြေပုံ ကို ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သူငယ်ချင်းတွေ ရဲ့ တည်နေရာ အလိုက် ပျော်ပွဲစား ခရီးတွေ စီစဉ်နိုင်ပါတယ်။ မြေပုံ တစ်ခုပြုလုပ်ဖို့ စက္ကန့်ပိုင်းလောက်ပဲ ကြာပါတယ်။

UberConference
UberConference က Google Docs ထဲမှာပဲ Audio Conference တွေပြုလုပ်နိုင်တာဖြစ်ပါတယ်။ UberConference ကိုဖွင့်ပြီး လူတွေကို ဖိတ်ခေါ်ပြီးတာနဲ့ အစည်းအဝေးပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ပြီးရင် Document ကို အားလုံး ဝိုင်းပြီး ရေးသားနိုင်ပါတယ်။ Google Docs မှာပဲ အစည်းအဝေးပြုလုပ်ပြီး Docs တွေပြုလုပ်နိုင်တဲ့အတွက် အသုံး၀င်ပါတယ်။

MindMeister
Mind Map လုပ်ပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Mind Map လုပ်တယ်ဆိုတာက သတင်းအချက်အလက်တွေကို မှတ်ရလွယ်တဲ့ ရုပ်ပုံကားချပ် နဲ့ မှတ်သားပေးတာဖြစ်ပါတယ်။ Google Docs မှာ Bulleted List တစ်ခုကို ပြုလုပ်ပြီးတာနဲ့ MindMeister က မှတ်ရလွယ်တဲ့ ရုပ်ပုံကားချပ် တစ်ခု ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Track Changes
Microsoft Word ရဲ့ အကောင်းဆုံး Tool တစ်ခုဖြစ်ပါတယ်။ Document တစ်ခု မှာ ပြောင်းလဲလိုက်တဲ့ အရာတွေကို မှတ်သားပေးနိုင်ပြီး ပြန်လည် Edit လုပ်နိုင်မှာဖြစ်ပါတယ်။ Track Changes က Microsoft Word ရဲ့ စွမ်းဆောင်ချက် ကို Google Docs မှာ အသုံးပြုနိုင်မယ့် Add-On ဖြစ်ပါတယ်။

https://www.youtube.com/watch?feature=player_embedded&v=7HwBhhKQwxA

Add-On တစ်ခု ကိုယ်တိုင်ပြုလုပ်ပါ။
HTML အကြောင်း အနည်းငယ် တတ်ကျွမ်းရုံနဲ့ Add-On တစ်ခု ကိုယ်တိုင်ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ Google Drive အတွက် Add-On တစ်ခုပြုလုပ်ဖို့ နည်းလမ်း ကို Digital Inspiration ရဲ့ဆောင်းပါး မှာ လေ့လာနိုင်ပါတယ်။

Google က Add-On Store ကို အခုမှ စတင်ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Add-On တွေ နည်းပါးသေးပေမယ့် မကြာမီမှာ အသုံး၀င်ပြီး အလွန်ကောင်းမွန်တဲ့ Add-On တွေထွက်ပေါ်လာမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *