ဆီးဂိမ်း ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃ အသင်း၌ ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နည်းစနစ် ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်အောင်သည် မူလက မြန်မာယူ-၂၃ အသင်းတွင် မန်နေဂျာရာထူးအား ရယူထားခဲ့သော်လည်း ယခုအခါ နည်းပြချုပ် ပတ်ဆောင်ဟွာ၏ စီနီယာ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး ယူ-၂၃ အသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က အသင်းမန်နေဂျာအဖြစ် ပြောင်းလဲ တာဝန်ယူသွားမည် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် မြန်မာယူ-၁၆ အသင်း၏ နည်းပြ ဖြစ်သူ ဦးအောင်အောင်ထွန်းသည် ယူ-၂၃ အသင်း၏ ဝတ်စုံ မန်နေဂျာ အဖြစ် ပြောင်းလဲ တာဝန်ယူသွားမည် ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၈ရက်မှ နိုဝင်ဘာ ၁၀ရက်နေ့ အထိ သွားရောက်မည့် ကိုရီးယားနှင့် ဂျပန်ခရီးစဉ်များ၌ ခြေစမ်းပွဲ (၄)ပွဲ ကစားရန် စီစဉ်ထားကြောင်း သိရပါသည်။