News
အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပြီး ပုံစံကောင်း ပြနိုင်ခဲ့တဲ့ နာပိုလီ
နည်းပြသစ် ဘင်နီတက်ဇ် လက်ထက်မှာ ခြေစွမ်း တိုးတက်လာခဲ့တဲ့ နာပိုလီ အသင်းဟာ ဒီနှစ် ဘောလုံးရာသီမှာ ရှုံးပွဲမရှိသေးပဲ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပွဲစဉ်မှာ ဘင်နီတက်ဇ်ဟာ ပန်ဒက်ဗ်ကို အထောင်တိုက်စစ်မှုး နေရာမှာ ထားပြီး (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဧည့်သည် လီဗော်နို အသင်းကတော့ (၄-၃-၃) ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင် နာပိုလီ အသင်းကို တိုက်စစ်ချင်း ယှဉ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
နာပိုလီ အသင်းဟာ ပွဲချိန် သုံးမိနစ်မှာပဲ အဖွင့်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကို ပန်ဒက်ဗ်က မာတန်ရဲ့ ပေးပို့မှုကနေ တစ်ဆင့် သွင်းယူပေးခဲ့တာပါ။ စောစောဆီးဆီး ဂိုးရသွားခဲ့တာကြောင့် နာပိုလီတို့ ယုံကြည်မှု ပိုမိုရရှိလာခဲ့ပြီး လီဗော်နို အသင်းဘက်ကို တိုက်စစ်ဆင်မှုတွေ မနားတမ်း ပြုလုပ်နိုင်ခဲ့ပါတယ်။ လီဗော်နိုအသင်းကလည်း တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ရရှိခဲ့တဲ့ ဂိုးကန်သွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုး မရရှိခဲ့ပါဘူး။
ပွဲချိန် (၂၆)မိနစ်မှာတော့  ဂိုဟန်အင်တာက မာတန်ရဲ့ ပေးပို့မှုကနေ ဂိုးဧရိယာ အပြင်ဘက်က ကန်သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ နာပိုလီတို့ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပွဲချိန်တွေမှာလည်း နာပိုလီက ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပြီး ပွဲချိန်(၅၄) မိနစ်မှာ ကယ်လီဂျွန်နဲ့ ပွဲချိန် (၈၃)မိနစ်မှာ ဟမ်ဆစ်တို့ နောက်ထပ်ဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ဂိုးပြတ်ရလာဒ်နဲ့ လီဗော်နိုကို အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
အီတလီ စီးရီးအေမှာ ပါဝင် ယှဉ်ပြိုင် ကစားနေတဲ့ ဘောလုံးအသင်းတွေရဲ့ ခြေစွမ်းကို အကဲဖြတ်နိုင်ဖို့အတွက် ပွဲစဉ်(၇)ရဲ့ ရလာဒ်လေးတွေကို တင်ပြပေးလိုက်ပါတယ်။
စီးရီးအေ ပွဲစဉ် (၇)
  • ချီယေဗို                      ၀- ၁         အတ္တလန္တာ
  • အင်တာမီလန်            ၀- ၃          ရိုးမား
  • ပါးမား                        ၃- ၁          ဆက်ဆူအိုလို
  • ဘိုလော့နာ                 ၁- ၄        ဗီရိုနာ
  • ကာတာနီးယား         ၁- ၁         ဂျီနိုအာ
  • နာပိုလီ                      ၄- ၀         လီဗော်နို
  • အူဒီးနီးစ်                   ၂- ၀          ကက်ဂလီယာရီ
author-avatar
About TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *