News

၂၀၁၂ ခုနှစ်အတွင်း တီဘီရောဂါကြောင့် လူ ၁ဒသမ ၃သန်းသေဆုံးခဲ့ကြောင်း WHO ထုတ်ပြန်

တီဘီရောဂါကို ထိန်းချုပ်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်များကြောင့် ယမန်နှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူဦးရေ ၁ဒသမ ၃သန်းသို့ လျော့ကျခဲ့သော်လည်း ဆေးယဉ်ပါးသော တိဘီရောဂါများ စိုးရိမ်ဖွယ်ရာ များပြားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကအောက်တိုဘာ ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

၄င်းအရေအတွက်သည် ၂၀၁၁ခုနှစ် ကထက် ၁၀၀၀၀၀ လျော့နည်းခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင်တီဘီရောဂါ ဖြစ်ပွားသူဦးရေ ၈ဒသမ ၆သန်းခန့်ရှိပြီး ယင်းအရေအတွက်သည် ၂၀၁၁ခုနှစ်ထက် ၁၀၀၀၀၀ လျော့ကျခဲ့ကာ ၁၉၉၀ပြည့်နှစ် တွင်ဖြစ်ပွားခဲ့သော အရေအတွက်၏တစ်၀က်နိးပါးသာရှိကြောင်းသိရသည်။

အိန္ဒိယတွင်၂၆ရာခိုင်နှုန်းနှင့်တရုတ်တွင်၁၂ရာခိုင်နှုန်း အပါအ၀င် ယမန်နှစ်အတွင်း တီဘီရောဂါဖြစ်ပွားမှု သုံးပုံးတစ်ပုံ နိီးပါးသည် အရှေ့တောင်အာရှမှဖြစ် ပြီးအာဖရိကတွင် လေးပုံတစ်ပုံကျော်၊အနောက်ပစိဖိတ် ဒေသတွင် ငါးပုံတစ်ပုံဖြစ်ပွားခဲ့သည်။တီဘီတိုက်ဖျက်မှုကို စတင်ခဲ့သည်၁၉၉၅ ခုနှစ်ကတည်းက စုစုပေါင်းလူ ၅၆သန်းကိုကုုသခဲ့ပြီး ၂၂သန်းရောဂါပျောက်ကင်း ခဲ့ကြောင်း WHO ကထုတ်ပြန်ခဲ့သည်။

အရည်အသွေးညံ့ဖျင်းသော ကုသမှုကြောင့် ဖြစ်ပွားသောဆေးယဉ်ပါးသည့် တိဘီရောဂါ (MDR-TB) သည် ယခုအခါ အဓိကစိုးရိမ်းဖွယ်ရာ ကိစ္စရပ်ဖြစ်လာသည်။တီဘီရောဂါကုဆေး၀ါးများ ဖြစ်သည့် isoniazid နှင့် rifampicin တို့ကို MDR-TB ကအံ့တုနိုင်စွမ်း ရှိသည်ဟုသိရသည်။

၂၀၂၅ မတိုင်မီအထိ တီဘီရောဂါကာကွယ်ဆေးကို ဈေးကွက်တွင် ရောင်းချနိုင်မည် မဟုတ်ကြောင်း WHO ကခန့်မှန်း ခဲ့သည်။WHO ၏ထုတ်ပြန်ချက် အရ၂၀၁၂ခုနှစ် အတွင်း MDR-TB ရောဂါဖြစ်ပွားသူ ၄၅၀၀၀၀ ခန့်တွင် တရုတ်၊အိန္ဒိယ နှင့်ရရှား မှအများဆုံးဖြစ်ပြီး သေဆုံးသူ ၁၇၀၀၀၀ ရှိကြောင်းခန့်မှန်း ခဲ့သည်။

ကူးစက်ရောဂါများ အနက် HIV / AIDS ပြီးလျှင် TB ကြောင့် သေဆုံးသူဦးရေ အများဆုံးဖြစ်ကြောင်းသိရသည်။ တီဘီရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုအတွက် ရန်ပုံငွေမှာ သတ်မှတ်ချက်အကန့်အသတ် မရှိကြောင်း မီးမောင်းထိုးပြ ခဲ့ပြီး ၀င်ငွေနည်းသောနိုင်ငံများနှင့် ၀င်ငွေအလယ်အလတ် နိုင်ငံများတွင် တီဘီရောဂါတိုက်ဖျက် မှုအတွက် ဘက်ပေါင်းစုံမှ လိုအပ်မှုဖြစ်သောတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ဘီလျံ လိုအပ်ချက်ကို ပြည့်မီရန် လက်ရှိ တွင် အမေရိကန် ဒေါ်လာ၂ဘီလျံလိုအပ်နေသေး ကြောင်း WHO ကထုတ်ပြန့်ခဲ့ သည်ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “၂၀၁၂ ခုနှစ်အတွင်း တီဘီရောဂါကြောင့် လူ ၁ဒသမ ၃သန်းသေဆုံးခဲ့ကြောင်း WHO ထုတ်ပြန်

  1. Thi Thi says:

    အခုနောက်ပိုင်း MDR တွေပိုများလာသလိုပါပဲ

Leave a Reply

Your email address will not be published. Required fields are marked *