News

တိုင်တန်းနစ် တယော ကန်ဒေါ်လာ ၁ဒသမ ၄၅သန်းဖြင့် ရောင်းချ

တိုင်တန်းနစ် သင်္ဘော၏ တီး၀ိုင်းမှ တီးဝိုင်းခေါင်းဆောင် တီးခတ်ခဲ့ သည့်တယောကို လွန်ခဲ့သည်ရက်က လေလံတင် ရောင်းချခဲ့ရာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၅သန်းဖြင့် ရောင်းချခဲ့ရသည်ဟု သိရသည်။ ၁၉၁၂ ခုနှစ် ၊ တိုင်တန်းနစ် သင်္ဘောနစ် မြုပ်စဉ်ကတ​ယောဆရာ ဝေါလေ့ဟတ်တလီ သည်အခြားသောလူပေါင်း ၁၅၀၀ နှင့်အတူ သင်္ဘောနစ် မြုပ်ရာတွင် ပါ၀င်ခဲ့ ပြီးသူ၏ကိုယ် ပေါ်တွင်ကြိုးဖြင့် တုပ်နှောင်းထားသော တယောကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

တယောကို လေလံတင်ရောင်း ချရာတွင်တယောစုဆောင်းသူ ဗြိတိသျှ လူမျိုးတစ်ဦးက ကမ္ဘာ့စံချိန် တင်ဈေးဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။ တယော ထည့်သည့်အိတ်ပေါ်တွင် W.H.H အစပြု စာလုံးများပါ ရှိပြီး ဆယ်စုနှစ် အတန်ကြာအောင် တယောမှာပျောက် ဆုံးနေခဲ့သော်လည်း ၂၀၀၆ခုနှစ် တွင် အင်္ဂလန် နိုင်ငံအနောက် မြောက်ပိုင်းရှိ အိမ်တစ်အိမ်၏ ထပ်ခိုးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တိုင်တန်းနစ်တယော အစစ်အမှန် ဟုတ်မဟုတ် အငြင်းပွားခဲ့ သော်လည်း ကျွမ်းကျင်သူတို့က တိုင်တန်းနစ် တယော အစစ်အမှန် ဖြစ်ကြောင်းမကြာသေး မီကဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။ တိုင်တန်းနစ်သင်္ဘော နစ်မြုပ်ခဲ့ စဉ်က တီးဝိုင်းခေါင်းဆောင် ဝေါလေ့ဟတ်တလီ နှင့် တီးဝိုင်းအဖွဲ့သား ခုနှစ်ဦးစလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။ တိုင်တန်းနစ် သင်္ဘောသည် ၁၉၁၂ ခုနှစ် ၊ ဧပြီ ၁၅ရက်က မြောက်အတ္တလန္တိတ် ဒေသတွင် ရေခဲတောင် နှင့် တိုက်မိကာ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

တယောကိုလေလံ တင်ရောင်းချရာ တွင် ပေါင် ၅၀ ဖြင့် စတင်ဈေးဖွင့် ခဲ့ခြင်းဖြစ်သော် လည်း စံချိန်တင် ဈေး ပေါင် ၂၂၀၀၀၀ အထိ အဆင့်ဆင့် ခုန်တက်ခဲ့ ပြီး နောက်ဆုံးတွင် ဗြိတိသျှ လူမျိုး တယောစုဆောင်းသူက ပေါင်၉၀၀၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၄၅ သန်း) ဈေးပြိုင် ပေးကာ ၀ယ်ယူ သွားခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *