ကျွုန်ုပ် တို့နေ့စဉ်ရှုရှိုက် နေရသောလေ တွင်အဆုတ်ကင်ဆာ ရစေသော အရာများဖြင့် ပြည့်၍ နေကြောင်း WHO မှ သတိပေးချက်ထုတ်ပြန်ထားသည် ဟုသိရသည်။ ၂၀၁၀ ပြည့်နှစ် တစ်နှစ် အတွင်းလေထု ညစ်ညမ်း မှုမှ တစ်ဆင့် ဖြစ်သော အဆုတ်ရောဂါ ဖြင့်သေဆုံး သူဦးရေ ၂၂၃၀၀၀ ရှိခဲ့ကြောင်း နိုင်ငံတကာ ကင်ဆာ သုတေသနအေဂျင်စီ IARC မှ ပြောသည်။
ပြင်ပလေထု ဖြစ်သောသယ်ယူ ပို့ဆောင်ရေး ယာဉ်များ ၊ ဓါတ်အားထုတ် စက်များ ၊ စက်မှုနှင့် စိုက်ပျိုးရေး လုပ်ငန်းများကြောင့် ဖြစ်ပေါ်သော လေထုညစ်ညမ်းမှု၊ စားသောက်ဆိုင်များနှင့် အိမ်တွင်းချက်ပြုတ်မှုကြောင့်ထွက်ပေါ်လာသော လေထုညစ်ညမ်းမှုများသည် အဆုတ်ကင်ဆာ ဖြစ်ရခြင်း၏ အဓိက လက်သည်များဖြစ် သည်ဟုဆိုသည်။
ထို့အပြင် ဆေးလိပ်မီးခိုး တစ်ဆင့်ခံရှု ရှိုက်မိရာမှလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ကြောင်း လည်းအေဂျင်စီ အကြီးအကဲ Kurt Straif က ဂျီနီဗာ တွင် ပြောဆိုခဲ့သည်။ အဆုတ်ကင်ဆာ ဖြစ်သော ပစ္စည်းများ၏ အုပ်စု တစ်တွင် ကျောက်ဂွမ်း ၊ ပလူတိုနီယမ် ၊ ကျောက်သဲ တို့တွင် တွေ့ရသော စီလီကာအမှုန့် ၊ ခရမ်းလွန်ရောင်ခြည် နှင့် ဆေးရွက်ကြီး မီးခိုးများပါ၀င် နေကြောင်းပြင်သစ် အခြေစိုက် အေဂျင်စီ မှ ပြောကြားသည်။