News

KMD Mobile စင်တာအားလုံးတွင် အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည်

KMDမှ အထူးလျှော့ဈေးအစီအစဉ်တစ်ရပ် အဖြစ် KMD Mobile စင်တာအားလုံး တွင် ဇူလိုင်လ ၁ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ပြုလုပ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း အထူးလျှော့ဈေး အစီအစဉ်များတွင် Lenovo Original A2 Tablet ကို (၁၉၀၀၀၀)ကျပ်၊ HTC Desire VCကို (၂၃၅၀၀၀)ကျပ်ဖြင့် ရောင်းချပေးမည် ဖြစ်သည့်အပြင် CDMA 800 ခလုတ်ဖုန်းများကို အနည်းဆုံး (၉၉၀၀)ကျပ်ဖြင့် လည်းကောင်း၊ GSM ခလုတ်ဖုန်းများအတွက် အနည်းဆုံး(၁၅၀၀၀)ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းမျိုးစုံကို လက်လီ/လက်ကား ၀ယ်ယူလိုသူများ အတွက်လည်း အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပန်းဆိုးတန်း KMD စင်တာတွင် နံနက်(၉)နာရီမှ ည(၈း၃၀)နှင့် မြေနီကုန်း KMD စင်တာတွင် ည (၈)နာရီအထိ ၀ယ်ယူနိုင်ပြီး ကျန်စင်တာများတွင် ည(၆)နာရီအထိ ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းနှင့် Tablet ၀ယ်ယူသူများအတွက် သက်ဆိုင်ရာ အမှတ်တံဆိပ်များမှ ပေးသော Warrant များအတိုင်း အပြည့်အ၀ ရရှိမည်ဖြစ်ပြီး၊ Application, Game တခြား ၀န်ဆောင်မှုများစွာကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

2 thoughts on “KMD Mobile စင်တာအားလုံးတွင် အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည်

  1. Myo Thiha says:

    ကောင်းတဲ့ Promotion ပွဲတစ်ခုလို့ ထင်ပါတယ်။Promotion ဆိုတော့ မက်လောက်စရာလေးတွေရှိမှာပဲ။ 🙂

  2. thwethweaye says:

    KMD ကဆိုရင်တော့ ပစ္စည်းမှန်ပြီး ဈေးတော့ နည်းနည်းများတယ်

Leave a Reply

Your email address will not be published. Required fields are marked *