News

မြန်မာနိုင်ငံတွင် Starbucks Coffee Store ၂နှစ်အတွင်း ဖွင့်မည်

အမေရိကန်အခြေစိုက်STARBUCKS ကော်ဖီကုမ္ပဏီကြီးသည်၂နှစ်အတွင်း မြန်မာနိုင်ငံတွင် ကော်ဖီစတိုးဖွင့်သွားမည် ဖြစ်ကြောင်း၊ယင်းကုမ္ပဏီ၏အမှုဆောင်
အရာရှိချုပ် Howard Schultz က ပြောကြားကြောင်း၊APသတင်းတစ်ရပ်တွင် ဖော်ပြထားသည်ဟုသိရသည်။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု ရလဒ်အဖြစ် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့၏ ပိတ်ဆို့မှုများ ရုတ်သိမ်းသွားသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ စိတ်ဝင်စားမှု ခံနေရသော မြန်မာနိုင်ငံတွင် ကော်ဖီစတိုး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ STARBUCKS ကော်ဖီစတိုး ဖွင့်လှစ်သည့် (၁၅)နှစ် မြောက်နေ့တွင် Howard Schultzက ပြောကြားခြင်း ဖြစ်သည်။

STARBUCKSကဲ့သို့ ကုမ္ပဏီကြီးများ ဝင်လာခြင်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ မျက်နှာစာတွင် တန်းတူ ဆက်ဆံခံရသည့်အတွက် ကောင်းမွန်ပြီး တစ်ဦးနှင့်တစ်ဦး အကြိုက်မတူနိုင်သည့် အတွက်ကြောင့်လည်း ပြည်တွင်းရှိ ကော်ဖီနှင့် ကော်ဖီဆိုင်များ မထိခိုက်နိုင်ပါကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်ဟု သိရသည်။ STARBUCKS သည် နိုင်ငံပေါင်း ၆၀ကျော်တွင် ကော်ဖီစတိုးဆိုင်ပေါင်း၊ ၁၈,၀၀၀ ကျော် ရှိပြီး၊ ၁၉၇၁ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ဆီးတဲလ်တွင် ပထမဦးဆုံးသော ကော်ဖီစတိုး စဖွင့်ခဲ့ပြီး စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင်လည်း ကော်ဖီစတိုးများ ဖွင့်လှစ်ထားကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *