Cameras

ဈေးနှုန်းချိုသာပြီး Build-in Projector ပါ၀င်တဲ့ Sony DCR-PJ5E Camcorder

Main Features

အဆိုပါ Camcorder မှာ ပါ၀င်တဲ့ အဓိက Feature ကတော့ Optical Zoom ကို 50x အထိ ရရှိနိုင်ပြိီး ပုံရိပ်များကို ပို၍နီးကပ်စွာ ဖမ်းယူနိုင်ဖို့အတွက် 67x Extended Zoom ကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ Build-in Projector ပါ၀င်ပြီး နံရံ၊ မျက်နှာကြက်များ၌ ထောင့်ဖြတ် ၆၀ လက်မရှိတဲ့ဧရိယာအတွင်းမှာ ပုံရိပ်များကို Projector ထိုး၍ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး Youtube, Facebook တို့မှာ ပုံတွေကိုလည်း တင်လို့ရပါတယ်။

အသုံးပြုထားသည့် မှန်ဘီလူး

အသုံးပြုထားသည့် မှန်ဘီလူး အမျိုးအစားမှာ Sony 57x optical zoom ရှိတဲ့ Lens ကို ထည့်သွင်းပေးထားတာကြောင့် zoom ဆွဲယူနိုင်သည့်နေရာတွင် အံ့မခန်း စွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ ထို့ပြင်အမြင့်တွင် ပျံသန်းနေသော ငှက်များ၊ ပြေးလွှားနေသော တောရိုင်းတိရိစ္ဆာန်များအပြင် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော ပစ္စည်းများကိုလည်း ဆွဲယူရိုက်ကူးနိုင်တဲ့ စွမ်းရည်တွေ ပါရှိတာတွေ့ရပါတယ်။

Display

Display အနေနဲ့ Indoor/Outdoor ရိုက်ကူးရာမှာ အဆင်ပြေစေမယ့် ၂.၇ လက်မရှိတဲ့ Wide Clear Photo LCD ပါ၀င်ပါတယ်။ Higher screen resolution ကောင်းကောင်းပေးနိုင်ပြီး တိကျပြတ်သားပြီး အရောင်တိကျမှန်ကန်တဲ့ ပုံရိပ်များကို Display လုပ်ပေးနိုင်ပါတယ်။

Data သိမ်းဆည်းနိုင်မှု

DCR-PJ5E က memory card နှစ်ကဒ်ကို Support လုပ်ပေးနိုင်တဲ့အတွက် စိတ်ကြိုက် memory card ကို ရွေးချယ်ပြီး အသုံးပြုနိုင်တဲ့အပြင် Data Storage အတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။ SD Card ကိုလည်း 64G အထိ Support လုပ်ပေးနိုင်ပါတယ်။

အားသာချက်

ony က Build-in Projector ပါ၀င်တဲ့ Camcorder တွေကို ထုတ်လုပ်ပေးခဲ့ပေမယ့် ဈေးနှုန်းမြင့်မားပါတယ်။ ယခု Sony DCR-PJ5E ကတော့ Function အစုံ သုံးနိုင်ပြီး ဈေးနှုန်းသက်သာတာ ကတော့ သူရဲ့အားသာချက်လို့ ဆိုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၄၀၀,၀၀၀ ၀န်းကျင်ခန့်ရှိပြီး မြန်မာ့အလှ ကင်မရာနှင့် ဟန်းဆက်ပစ္စည်းအရောင်းဆိုင် ဖုန်း-၀၁-၃၉၂-၆၉၃၊ ၀၁-၃၉၈-၂၉၈ သို့ ဆက်သွယ်၀ယ်ယူနိုင်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *