Mobile

သင့်တော်တဲ့ ဈေးနှုန်းတစ်ခုနဲ့ SINGTECH PowerBook Pro 5

Singapore အခြေစိုက် Brand တစ်ခုဖြစ်တဲ့ SINGTECH Laptop တွေဟာ ပြည်တွင်းဈေးကွက်ထဲကို ရောက်လာတာမကြာသေးပေမယ့် ဈေးနှုန်းနည်းပါးမှုနဲ့ သင့်တင့်တဲ့စွမ်းဆောင်ရည်တွေကြောင့် ဈေးကွက် အတွင်းမှာ အချိန်တိုတိုနဲ့ နာမည်ရလာပါတယ်။ Processor ကို Intel Sandy Bridge Core i3 (2.3 GHz) တပ်ဆင်ပေးထားတာကြောင့် အလုပ်လုပ်ဆောင်မှုအပိုင်းမှာ စိတ်ချနိုင်နေပါပြီ။ အဲဒီလို စွမ်းရည်မြင့်တဲ့ CPU ကို ထပ်ဆင့်ပြီးထောက်ပ့ံပေးထားတာကတော့ Memory ပဲ ဖြစ်ပါတယ်။ Processor ဘယ်လောက်ကောင်းကောင်း Memory ပမာဏနည်းရင် စက်အတက်လေးခြင်း၊ Program အဖွင့်လေးခြင်းတို့ကို ကြုံတွေ့ရမှန်းသိနေတဲ့ SINGTECH ဟာ ဒီ Laptop မှာ memory ကို 4GB ထည့်သွင်းပေးထားပြီး 8GB အထိ ထပ်မံတိုးမြှင့်ခွင့် ပေးထားတာကလည်း စိတ်ကျေနပ်စရာဖြစ်ပါတယ်။ Graphic ပိုင်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ Nvidia Geforce GT520M 1 GB ထိ အသုံးပြုပေးထားတဲ့အတွက် ၂၀၁၃ မှ ထွက်ရှိလာမယ့် ဂိမ်းတွေကိုတောင်မှ စိတ်သောကရောက်စရာမလိုပဲ ကစားနိုင်မှာဖြစ်သလို၊ ဒီဇိုင်းဆွဲမယ်ဆိုရင်လည်း ကိုယ့်ရဲ့ဒီဇိုင်းစွမး်ရည်တွေကို အကောင်းဆုံးတင်ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။

သိုမှီးပမာဏအနေနဲ့ နောက်ထပ် External HDD မလိုရလေအောင် 750 HDD ကို ထည့်သွင်းပေးထားပြန်ပါတယ်။ မျက်နှာပြင်အကျယ် ၁၅ လက်မရှိတဲ့ display ဟာ resolution ကို 1366 x 768 အထိ ပေးနိုင်တာကြောင့် HD အရည်အသွေးပဲ ဖြစ်ပါတယ်။ HD အရည်အသွေးလို့ဆိုတဲ့အတွက် HDMI port ကလည်း အလိုအလျှောက်ပါဝင်ပြီးသား ဖြစ်နေပြီး Crystal LED display အသုံးပြုထားခြင်းကြောင့် မျက်စိကို သက်သာစေတယ်လို့ ဆိုရမှာပါ။ အရေးအကြီးဆုံးအချက်လို့ အမြဲဆိုနေခဲ့တဲ့ Laptop ရဲ့ Battery သက်တမ်းအကြောင်း တင်ပြရရင်တော့ SINGTECH ရဲ့ PowerBook Pro 5 ဟာ အနည်းဆုံး ၄ နာရီနဲ့ ၅ နာရီကြား သက်တမ်းခံနိုင်ရည်ရှိတယ်လို့ ဆိုထားပြီး Optical Drive အတွက်ကိုတော့ DVD RW နဲ့ 9-in-1 Card Reader ကိုလည်း ထည့်သွင်းပေးထားပါတယ်။

အားသာချက်
ပါဝင်တဲ့ Graphic Card စွမ်းရည်နဲ့ Memory ပမာဏ မြင့်မားမှုတွေက SINGTECH PowerBook Pro 5 ရဲ့ အဓိက အားသာချက်ဖြစ်ပါတယ်။ ထို့ပြင် အသုံးပြုထားတဲ့ Processor ကလည်း ကောင်းမွန်ပြီး ဈေးနှုန်းနဲ့လည်း လိုက်ဖက်မှုရှိနေပါတယ်။

အားနည်းချက်
Laptop ရဲ့ ဒီဇိုင်းက ရိုးရှင်းလွန်းလှပါတယ်။ သာမန်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ စွမ်းအားမြင့် specification တွေ ပါတယ်လို့တောင် မထင်ရပါဘူး။

ခြုံငုံသုံးသပ်ချက်
ဈေးနှုန်းအသင့်အတင့်နဲ့ စွမ်းရည်မြင့် Laptop တစ်လုံး သုံးချင်တယ်ဆိုရင်တော့ SINGTECH PowerBook Pro 5 က အဆင်ပြေပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *