News

သန့်ရှင်းနည်းပညာများ၏ ကြီးမားသောအလားအလာကို လက်တွေ့ပြသမည့် Solar Impulse ၏ ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မြန်မာနိုင်ငံသို့ ဆိုက်ရောက်

သန့်ရှင်းနည်းပညာများ၏ ကြီးမားသောအလားအလာကို လက်တွေ့ပြသမည့် Solar Impulse ၏ ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မြန်မာနိုင်ငံသို့ ဆိုက်ရောက်

မန္တလေး၊ မတ်လ ၂၀၊ ၂၀၁၅ – လောင်စာစိုးစဉ်းမျှမပါဘဲ ကမ္ဘာတစ်ပတ် ပတ်သည့်ခရီးကို ပျံသန်းလျက်ရှိနေသော Solar Impulse 2 (Si2) နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဆွစ်ဇာလန်လေယာဉ်မှူး Bertrand Piccard က မြန်မာနိုင်ငံ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ညနေ (1:21 pm GMT) တွင် ချောချောမောမော ဆင်းသက်ခဲ့ပါသည်။ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်သည် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့မှ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၂ မိနစ် (11:52 pm GMT) တွင် ထွက်ခွာခဲ့ပြီးနောက် မန္တလေးမြို့သို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ပတ်ခရီး၏ စတုတ္ထမြောက် ရပ်နား သည့်နေရာဖြစ်သော မန္တလေးသို့မရောက်ရှိမီ Solar Impulse တွဲဖက်တည်ဆောက်သူနှင့် လေယာဉ်မှူး AndréBorschberg က အိန္ဒိယနိုင်ငံကို ဖြတ်သန်းခဲ့သည့် ပြီးခဲ့သော လေယာဉ်ခရီးစဉ်ကို ထိန်းချုပ်မောင်းနှင်ခဲ့ပါသည်။

လေယာဉ်မှူးသည် ဗာရာဏသီ (အိန္ဒိယနိုင်ငံ) မှ မြန်မာနိုင်ငံသို့ ရောက်ရှိရန် Solar Impulse 2 အား ၃နာရီ ၂၉မိနစ် အကြာ မောင်းနှင်ခဲ့ရပြီး Solar Impulse အဖွဲ့နှင့် Si2 လေယာဉ်သည် မြန်မာနိုင်ငံတွင် အနည်းဆုံး ၃ ရက် ရပ်နားမည်ဖြစ်သည်။ Si2 ကို မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မဆင်းသက်မီအချိန်တွင် လေယာဉ်မှူး Bertrand Piccard သည် မန္တလေးသို့ လေယာဉ်ရောက်ရှိလာစဉ် သူ၏လေယာဉ်မှူး အခန်းတွင်းမှနေ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နှုတ်ခွန်းဆက် အမှာစကားကို ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှုး ဦးဝင်းဆွေထွန်းမှ တဆင့် ပြောကြားခဲ့ပါသည်။ ထို့နောက် ၎င်းသည် Si2 ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ဖြစ်သည့် First Myanmar Investment နှင့် Yoma Strategic Hoildings တို့၏ ဥက္ကဌ ဦးသိမ်းဝေ ခေါ် Serge Pun နှင့်လည်း စကား ပြောခဲ့ပါသည်။

ပထမဆုံးလေယာဉ်ဖြင့် မရပ်မနား ကမ္ဘာပတ်ပျံသန်းသော Solar Impulse ၏ ရည်မှန်းချက်ကြီးသည့် အားထုတ်ကြိုးပမ်းမှုက သက်ဆိုင်ရာ နည်းပညာ၏ ထိရောက်အကျိုးများမှုကို ယခင်က မရှိခဲ့သည့် မကြုံစဖူး အနေအထားတစ်ရပ်သို့ ရောက်ရှိစေပြီး သန့်ရှင်းနည်းပညာများ ယခုထက်ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ကမ္ဘာတစ်ဝန်းမှ လူများနှင့် အစိုးရများအား လှုံ့ဆော်ပေး ပါသည်။ Solar Impulse သည် သူပေးလိုသည့် သတင်းစကားကို လူအများ ပိုမိုသိရှိရန်အတွက် အစပျိုးကာ စဝက်ဘ်ပလက် ဖေါင်း www.FuturesClean.org ကို အသုံးပြုလျက်ရှိပါသည်။ “ပြန်လည်ပြည့်မြဲ စွမ်းအင်များသည် လူမှုအသိုင်းအဝိုင်းများ ပေါင်းစည်းညီညွတ်မှု၊ သာယာဝပြောမှုနှင့် ငြိမ်းချမ်းမှုတို့၏ ရင်းမြစ်တစ်ရပ်ဖြစ်သည်ဟု ကျွ့န်ုပ်တို့ ယုံကြည်ပါသည်” ဟု Solar Impulse တွဲဖက် တည်ဆောက်သူများဖြစ်သော လေယာဉ်မှူးများဖြစ်သည့် Bertrand Piccard နှင့် André Borsch- berg တို့က တည်ကြည်လေးနက်စွာ ပြောဆိုပါသည်။

မြန်မာနိုင်ငံတွင် ရပ်နားစဉ် လာမည့် ရက်များအတွင်း Solar Impulse အဖွဲ့သည် လေယာဉ်မှူးများနှင့် မြန်မာနိုင်ငံမှ တက္ကသိုလ် ကျောင်းသား ၈၀ဝ နီးပါးနှင့် တွေ့ဆုံကာ ပညာပေး လေ့လာသင်ယူရေး အချိန်ပိုင်းများအပါအဝင် လှုပ်ရှားဆောင် ရွက်မှု အစီအစဉ် အမျိုးမျိုကို မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးနှင့် အိမ်ရှင်နိုင်ငံ မိတ်ဖက်အဖွဲ့အစည်းတို့နှင့်အတူ စီစဉ် ပြုလုပ်မည်ဖြစ်ကာ Solar Impulse ၏ အောက်ပါ မိတ်ဖက်များ (Solar Impulse Partners) နှင့် အတူပူးတွဲပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

Solar Impulse ၏ အိမ်ရှင်နိုင်ငံ မိတ်ဖက် First Myanmar Investment Co. Ltd (FMI) First Myanmar Investment နှင့် Yoma Strategic Holdings တို့၏ ဥက္ကဌ Serge Pun က “Solar Impulse 2 လေယာဉ်ခရီးစဉ်က ထိုးထွင်းတီထွင်တဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ဆန်းသစ်တီထွင်မှု၊ တိကျသေသေပ်သော အစီအစဉ်ချမှု၊ လွန်ကဲပြင်းထန်တဲ့ အခြေ အနေ တွေကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ခံနိုင်မှုနဲ့ ဘယ်စီမံကိန်းမှာမဆို အမျိုးအစားမတူ ကွဲပြားတဲ့ နည်းပညာ၊ ပညာခန်း ကျွမ်းကျင်မှုနဲ့ တွေးခေါ်စဉ်းစားမှုတို့ကို ပေါင်းစည်းနိုင်စွမ်းတို့ကို စုပေါင်းကိုယ်စားပြုနေပါတယ်။

FMI နဲ့ ကျွန်တော်တို့ရဲ့ ညီအစ်မကုမ္ပဏီ Yoma Strategic Holdings တို့ကလည်း ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ အဲဒီလိုလုပ်ဖို့ ကြိုးပမ်းနေပါတယ်။ အလေအလွင့် နည်းပါးပြီး အကျိုးများတဲ့ လေကြောင်းခရီး ဝန်ဆောင်မှုတွေ ပေးစွမ်းရာမှာ ဖြစ်ဖြစ်၊ အကောင်းဆုံးဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ ဖော်ဆောင်မှုတွေ၊ ကိုယ်ခန္ဓာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဒါမှမဟုတ် အရည် အသွေးမြင့် အစားအစာနဲ့ အဖျော်ယမကာတွေ ဆောင်ကျဉ်းပေးအပ်ရာမှာ ဖြစ်ဖြစ်ပေါ့” ဟုပြောကြားသည်။

လေယာဉ်ခရီးစဉ်နှင့်ပတ်သက်သော သတင်းအချက်အလက်
ခရီးစဉ် အမှတ် ၄ – ဗာရာဏသီ (အိန္ဒိယ) မှ မန္တလေး (မြန်မာ) သို့
လေယာဉ်မှူး – Bertrand Piccard (Solar Impulse စတင်တည်ထောင်သူနှင့် ဥက္ကဌ)
ပျံသန်းချိန် – မတ်လ ၁၈၊ ၂၀၁၅၊ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၂ မိနစ် (11:52 pm GMT) တွင် အိန္ဒိယနိုင်ငံမှထွက်ခွာ
မတ်လ ၁၉၊ ၂၀၁၅၊ ဒေသစံတော်ချိန် ညနေ ၇နာရီ ၅၁မိနစ် (1:21 pm GMT) တွင်ဆင်းသက်
လေကြောင်းခရီးကြာချိန် – ၁၃:၁၅ နာရီ
အများဆုံး ပျံသန်းမှုအမြင့် – ၂၇၀ဝ၀ ပေ (၈၂၃၀ မီတာ)
မြေပြင်တွင် သွားသည့် အမြန်ဆုံး အရှိန် – ၁၁၀ knots
လေယာဉ်ပျံသန်းသည့် အကွာအဝေး – 765 nautical miles

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *