Gadgets, News, Review

သမရိုးကျ CCTV Security Camera တွေကိုကျော်လွန်ပြီး 2 in 1 PROLiNK IP Camera with Wifi Extender

သမရိုးကျ CCTV Security Camera တွေကိုကျော်လွန်ပြီး 2 in 1 PROLiNK IP Camera with Wifi Extender

PROLiNK Wireless NMegaPixel IP Camera ( PIC2001WE ) ကိုအသုံးပြုသူဟာရှုတ်ထွေးတဲ့ Router Setting တွေ Network လုပ်ထုံးတွေကို ချိန်ညှိနေစရာ မလိုအပ်ဘဲ အလွယ်တကူတပ်ဆင်ပြီး အသုံးပြုနိုင်မယ့် True Plug & Play IP Camera ဖြစ်ပါတယ် ။ High Definition IP Camera ဖြစ်တာကြောင့် Internet Web browser မှ ပဲဖြစ်ဖြစ် ၊ Mobile Phone ၊ Tablet မှပဲ ဖြစ်ဖြစ် Live Video တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး ကြည်လင်ပြတ်သားတိကျတဲ့ ပုံရိပ်တွေကို ဖမ်းယူပေး ထားမှာ ဖြစ်ပါတယ် ။

High Resolution 720p (1280 x 720) ရှိတဲ့ Camera နဲ့အတူ နောက်ဆုံးပေါ် H 264 နည်းပညာပါဝင်တဲ့ PIC2001WEဟာ အားနည်းတဲ့ အင်တာနက် Bandwidth နဲ့တောင်မှ ကြည်လင် ပြတ်သားတဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် microSD Card ထည့်သွင်းအသုံးပြုရန် Slot ပါဝင်တာကြောင့် ဖမ်းယူထားတဲ့ Video တွေကို SDcardထဲမှာ တိုက်ရိုက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်တာကြောင့် Video တွေကို ပြန်ကြည့်ချင်တဲ့အခါ လွယ်ကူအဆင်ပြေမှာ ဖြစ်ပါတယ် ။

Wifi Extender အသင့်ပါဝင်တာကြောင့် ရှိပြီးသားအသုံးပြု Wifiကိုဖမ်းယူပြီးWifiလိုင်းအားနည်းတဲ့ နေရာတွေ ၊ လိုင်းမမိတဲ့ နေရာတွေမှာWifi ပြန်လွှင့်ပေးနိုင်မှာ ဖြစ်ပါတယ် ။ ရုံးတွင်း ၊ အိမ်တွင်းမှာ တပ်ဆင်အသုံးပြုမယ်ဆိုရင် အင်တာနက်မလိုအပ်ပဲ IP Camera မှ Wifi ကို တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြု ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။ PROLiNK PIC2001WE နှင့် တွဲဖက် အသုံးပြုနိုင်တဲ့ Mobile App နှင့် Professional 16 Channel video management Software တွေကိုပါ အခမဲ့ ရယူနိုင်ပါတယ် ။ တပ်ဆင်ထိန်းသိမ်းရ လွယ်ကူပြီး အသုံးပြုသူအဆင်ပြေစေမယ့် Singapore Brand PROLiNK WirelessNMegaPixel IP Camera ( PIC2001WE ) with Wifi Extenderကို အာမခံ (၁) နှစ် ၊ ဈေးနှုန်း ၅၅,ဝ၀ဝ ကျပ်ဖြင့် MRS Computer Centre မှ တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အမြို့မြို့ အနယ်နယ်ရှိ KMD Sales Centre ကြီးများ နှင့် ကွန်ပျူတာအရောင်းဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ် ။ အသေးစိတ် အချက်အလက်များကို စုံစမ်းသိရှိလိုပါက ဖုန်း MRS : 01-392-257, 01-392-259 သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *