Education, Lifestyle, News

ဗြိတိသျှကောင်စီ မြန်မာမှ ယူကေ ပညာရေးပြပွဲ မတ်လကုန်တွင် ပြုလုပ်မည် (ပွဲကြိုသတင်း)

ဗြိတိသျှကောင်စီ မြန်မာမှ ယူကေ ပညာရေးပြပွဲ မတ်လကုန်တွင် ပြုလုပ်မည်

ဗြိတိသျှကောင်စီ မြန်မာမှ ကြီးမှူးကျင်းပပြီး ဧရာဝတီဘဏ်မှ အဓိက ပါဝင်ကူညီပေးထားသော ယူကေ ပညာရေးပြပွဲကို ရန်ကုန်မြို့ Sule Shangri-La ဟိုတယ်တွင် ၂၀၁၅ မတ်လ ၂၉ ရက် နံနက် ၉ နာရီမှ ညနေ ၂နာရီခွဲအထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ ပညာရေးပြပွဲတွင်ဘာသာရပ်ပေါင်းများစွာကို Foundation, A-Level မှအစ ဘွဲ့ကြို (Undergraduate) ၊ ဘွဲ့လွန် (Master’s နှင့် PhD Programme) အစီအစဉ်များအထိ သင်ကြားပို့ချပေးနေသည့် ယူကေမှ တက္ကသိုလ် ကောလိပ်များဖြစ်ကြသည့် Cambridge Tutors College, Harrow International School Bangkok, BBP University, University of Derby, University of Glasgow, University of Gloucestershire, University of Hertfordshire, Liverpool John Moores University, London South Bank University, Middlesex University, Newcastle University, University of Northampton, Northumbria University, University of South Wales, University of Sunderland, University of Wolverhampton, York St JohnUniversity တို့ ပါဝင်ကြမည် ဖြစ်ပါသည်။

ယခု ပညာရေးပြပွဲတွင် လာရောက်ကြမည့် တက္ကသိုလ်နှင့် ကောလိပ်များတွင် ယူကေသို့ သွားရောက်ပညာသင်ကြားရန် ရည်ရွယ် ထားသည့် ကျောင်းသားများသည် မိဘများနှင့်အတူ ၎င်းတက္ကသိုလ်နှင့် ကောလိပ်များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မိမိတို့ တက်ရောက်လိုသည့် ဘာသာရပ်များ အဆိုပါ တက္ကသိုလ်နှင့် ကောလိပ်များတွင် ရှိမရှိ၊ တတ်ရောက်လိုသည့် ဘာသာရပ် မရွေးချယ်ရသေးလျှင်လည်း သင့်လျော်နိုင်မည့် ဘာသာရပ်များ အစရှိသည့် အကြံဉာဏ်များကို တောင်းယူနိုင်ခြင်း၊ တက္ကသိုလ် နှင့်ကောလိပ်များမှ ကျောင်းဝင်ခွင့် လိုအပ်ချက်များ၊ ကျောင်းလခများ၊ ပညာသင်ဆု ရရှိနိုင်မည့် အခွင့်အလမ်းများကို ကိုယ်စားလှယ်များနှင့် အချိန်ယူ၍ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးနိုင်မည် ဖြစ်သည်။

ထို့အပြင် ကျောင်းသား နှင့် မိဘများအတွက် ယူကေ ပညာရေးနှင့် သက်ဆိုင်သော သိသင့်သိထိုက်သော UK Visa အကြောင်း၊ ကျောင်းလျှောက်ထားပုံ အသေးစိတ်၊ ပညာသင်ဆုများအကြောင်း၊ IELTS စာမေးပွဲနှင့် ပတ်သက်သော အချက်အလက်များနှင့် သက်ဆိုင်သည့် ဟောပြောပွဲများကိုလည်း ပြပွဲတလျှောက် ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ယူကေရှိ တက္ကသိုလ်များ၊ ကောလိပ် များသို့ တက်ရောက်ရာတွင် ကျောင်းလခသွင်းရာတွင် အဆင်ပြေ ချောမွေ့စေရန် နှင့် နေထိုင်စားသောက်မှု ကုန်ကျစရိတ်များ အတွက် ငွေလွဲဝန်ဆောင်မှုများကိုလည်း ဧရာဝတီဘဏ်က ကျောင်းသားများအတွက် အထူးအစီအစဉ် နှုန်းထားများဖြင့် ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်သည်။ စိတ်ပါဝင်စားသူများသည် ဤlink(https://www.surveymonkey.com/s/eduk-2015) တွင် ကြိုတင်စာရင်းသွင်းခြင်းဖြင့် iPad Mini အပါအဝင် အခြားစိတ်ဝင်စားဖွယ်ကောင်းသော ဆုများကို ရရှိနိုင်သည့် အခွင့်အရေးအပြင် မိမိတို့ သိလိုသော အကြောင်းအရာများကိုလည်း ကြိုတင်မေးမြန်းထားနိုင်ပြီး သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များမှ ကိုယ်စားလှယ်များမှလည်း မိမိတို့ လာရောက်လေ့လာ ဆွေးနွေးသည့် အချိန်တွင် ပိုမိုပြည့်စုံသော အဖြေများ ကိုပေးနိုင်ပါမည်။

ယခုပညာရေးပြပွဲနှင့် ပတ်သက်၍ ပွဲမတိုင်မီ သိလိုသည်များကို ဗြိတိသျှကောင်စီ၊ ၇၈ ကမ်းနားလမ်း ရန်ကုန်မြို့သို့ လာရောက်၍ ဖြစ်စေ၊ [email protected] သို့အီးမေးလ်ပို့၍ ဖြစ်စေ၊ ဖုန်းနံပါတ် ဝ၁-၃၇၀-၉၃၃၊ ၂၅၄-၆၅၈၊ ၂၅၆-၂၉၀၊ ၂၅၆-၂၉၁ သို့ဖြစ်စေ ဆက်သွယ်မေးမြန်း အကြောင်းကြားနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *