News

Qualcomm က Snapdragon 410 Processor ကို ထုတ်ဖော်ပြသ

စမတ်ဖုန်းတွေအတွက် Chip တွေထုတ်လုပ်တဲ့ Qualcomm က သူ့ရဲ့ နောက်ဆုံးထုတ် Snapdragon 410 Processor ကို တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီ Chipset ဟာ 64-Bit Processor ဖြစ်ပါတယ်။ Snapdragon 410 ဟာ Qualcomm ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ 4G LTE ကို အသုံးပြုနိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် တရုတ် ကိုရောင်းချမှာဖြစ်ပါတယ်။

Qualcomm ဟာ အီလက်ထရောနစ်တွေရဲ့ အဓိက မောင်းနှင်ရာ ဖြစ်တဲ့ Application Processors တွေကို ထုတ်လုပ်ရောင်းချပေးနေတာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေကို Wireless Networks တွေကို ချိတ်ဆက်ပေးနိုင်တဲ့ Chip တွေထုတ်လုပ်တဲ့ဈေးကွက်ကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ သူ့ရဲ့ 4G LTE Processor ဟာလည်း အအောင်မြင်ဆုံးဖြစ်နေပြီး iPhone 5S လိုဖုန်းမှာတောင်အသုံးပြုထားပါတယ်။ ဒါပေမယ့် Intel လို Company မှ ထုတ်လုပ်တဲ့ ပစ္စည်းတွေကြောင့် ပြိုင်ဆိုင်မှုဟာ ပြင်းထန်မယ်လို့မျှော်လင့်ရပါတယ်။

Snapdragon 410 ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ 64-Bit Processor ကိုထုတ်လုပ်နိုင်တဲ့ ပထမဆုံးသော Company တွေထဲမှာလည်း တစ်ခုအပါအ၀င်ဖြစ်လာပါတယ်။ အဲဒီ Chip ဟာ Apps တွေကို လျှင်မြန်စေမှာဖြစ်ပေမယ့် Mobile OS နဲ့ Apps တော်တော်များများဟာ 64-Bit ကို Support မပေးသေးပါဘူး။

စက်တင်ဘာလမှာ Apple က 64-Bit Processor ကို ပထမဆုံး ကြေညာခဲ့ပါတယ်။ ကြေညာချက်အပြီးမှာ Qualcomm ကလည်း 64-Bit Processor ကို ပြုလုပ်နေကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် Android OS အပါအ၀င် တစ်ခြား OS များနဲ့ အသုံးပြုနိုင်တဲ့အခြေအနေမှ ရောင်းချမယ်လို့ပြောခဲ့ဖူးပါတယ်။

Snapdragon 410 ဟာ 64-Bit နဲ့ 4G LTE အပြင် 13 Megapixel Camera, 1080P HD Video , Adreno 306 GPU တို့ကိုလည်း Support ပေးနိုင်ပါတယ်။ Android , Windows Phone စတဲ့ OS များမှာအသုံးပြုနိုင်ပါတယ်။

Samsung Galaxy Note 3 နဲ့ LG Google Nexus 5 တို့မှာ အသုံးပြုထားတဲ့ Snapdragon 800 ကို ပြုလုပ်ထားတဲ့ 28 Nanometer များနဲ့ Snapdragon 410 ကို ပြုလုပ်ထားတာဖြစ်ပါတယ်။

Qualcomm က Snapdragon 410 ကို ဒေါ်လာ ၁၅၀ ၀န်းကျင် ဖြင့် ရောင်းချမှာဖြစ်ကြောင်းပြောပါတယ်။ ၂၀၁၄ ခုနှစ် ရဲ့ ဒုတိယ နှစ်၀က်မှာ သူ့ရဲ့ Chip တွေကို အသုံးပြုထားတဲ့ ဖုန်းတွေ ဈေးကွက်ထဲ ရောက်လာမယ်လို့ Qualcomm က မျှော်လင့်နေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *