Education, News

“Professional Drupal Developer Course” သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Professional Drupal Developer Course သင်တန်း တစ်ခုကို ဇန်နဝါရီလ (၂) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Drupal ဆိုသည်မှာ PHP ပေါ်တွင် အခြေပြုတည်ဆောက်ထားသော Content Management System/ Content Management Framework ဖြစ်ပါသည်။ Drupal သည် ရူပ်ထွေးသော Requirement များကို ကိုင်တွယ်နိင်ခြင်း အသုံးပြုသူများစွာ၊ Level ပေါင်းများစွာကို ကိုင်တွယ်နိင်ခြင်း၊ လုံခြုံစိတ်ချမူရှိခြင်းများကြောင့် အထူးပင်ကျော်ကြားသော စနစ်တစ်ခုဖြစ်ပါသည်။ Drupal အား အထူးသဖြင့် အစိုးရဆိုင်ရာများ၊ Cooperation အကြီးစားများနှင့် Web application များအဖြစ်အသုံးပြုကြပါသည်။

Drupal သည်ပြည်ပတွင်သာမက ပြည်တွင်းတွင်ပါ အစိုးရ၀က်ဘ်ဆိုက်များ၊ Portal များတွင် အားလုံးနီးပါးတွင် အသုံးပြုနေသော စနစ်လည်းဖြစ်ပါသည်။ နိင်ငံတကာတွင်လည်း အမေရိကန်သမ္မတ အိမ်ဖြူတော်၀က်ဘ်ဆိုက် ၊ Sony Music ၊Singapore Management University အစရှိသည်တို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်သုံးရုံပင်မက နာမည်ကြီး java.net ၀က်ဘ်ဆိုက်သည်လည်း Drupal ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ နိင်ငံတကာတွင်လည်း Drupal Developer များသည် ၀င်ငွေကောင်းသော စာရင်း၀င်သူများ ဖြစ်ပါသည်။

ပြည်ပတွင်သာမက ပြည်တွင်းတွင်လည်း အမှန်တကယ်တတ်ကျွမ်းသော Drupal Developer များသည် လစာကောင်းသောသူများဖြစ်ကြပါသည်။ အထူးသဖြင့် တိုင်းပြည်သည် ပြောင်းလဲနေသောကာလဖြစ်သဖြင့် Drupal ဖြင့်ရေးသားသော ၀က်ဘ်ဆိုက်များ/စနစ်များသည်များစွာ လိုအပ်လျှက်ရှိပါသည်။ သင်တန်းအားမြန်မာပြည်၏ အထင်ကရ Drupal Developer တစ်ဦးဖြစ်သော ကိုဝိန်း@ကိုဝေလင်းထွန်း မှ သင်ကြားပေးမည်ဖြစ်ပါသည်။ ကိုဝိန်းသည် အမေရိကန်နိင်ငံ၊ နယ်သာလန်နိုင်ငံနင့် စင်္ကာပူနိုင်ငံတို့မှ Drupal Project မြောက်များစွာကို ရေးသားခဲ့ သူလည်းဖြစ်ပါသည်။

(သင်တန်းတက်ရောက်လိုသူများသည် ၀င်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်ဖြစ်ပါသည်)

pcpa

 
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဇန်နဝါရီလ (၁) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *