Apps

SMS ၀န်ဆောင်မှုတွေ ရမယ်

Short Message System (SMS) စာတိုပို့ စနစ်မျိုးစုံ ၀န်ဆောင်မှု ပေးနေတဲ့ E-Trade Myanmar ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ Web to SMS, GTalk to SMS, Email to SMS, Email Alert SMS, Biz SMS, Football SMSစတဲ့ အင်တာနက်ကနေ၊ ဂျီတော့ခ်ကနေ၊ အီးမေလ်းကနေ တစ်ဆင့် မိုဘိုင်းဖုန်းတွေဆီ အပြန်အလှန် မက်ဆေ့ချ်ပေးပို့နိုင်မှာဖြစ်ပြီး ကြိုတင် ငွေပေးသွင်းစနစ်နဲ့ သတင်းအချက်အလက် ရယူ အသုံးပြုလိုသူတွေ အနေနဲ့လည်း eTm အသင်း၀င်ထားရမှာ ဖြစ်ပါတယ်။

ယင်း၀က်ဘ်ဆိုက် မှာ ဂျီအက်စ်အမ်၊ ဆဲလ်လူလာ၊ စီဒီအမ်အေ၊ ဒဗလျူစီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေရဲ့ SMS စနစ် အသုံးပြုနိုင်တဲ့ ပြည်တွင်းရှိ နေရာဒေသတွေ နဲ့ ဖုန်းနံပါတ်တွေအပြင် SMS သတင်းအချက်အလက်တွေလည်း သိရှိ ရမှာ ဖြစ်ကာ Customer များအနေနဲ့ နှစ်စဉ် အထူးခံစားခွင့်တွေကို ပေးထားပါသေးတယ်။
http://www.etmsms.com

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *