News

SEO KYEONG University (SKU) မိတ်ဆက်ပွဲ

STI Educationက ကြီးမှုးကျင်းပတဲ့ Seo Kyeong တက္ကသိုလ်( SKU) မိတ်ဆက်ပွဲကို အောက်တိုဘာ ခြောက်ရက်နေ့က MICT Park အတွင်းရှိ  STI New Campus မှာ ညနေ သုံးနာရီမှ လေးနာရီအထိ ကျင်းပခဲ့ပါသည်။

Seo Kyeong University သည် ကိုရီးယားနိုင်ငံ ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်များအနက် အထင်ကရ တက္ကသိုလ်ကြီး တစ်ခု ဖြစ်ပြီး SKU တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ ၈၀၀၀ကျော် တက်ရောက်သင်ကြားနေတယ်ဟု သိရပါသည်။ ကိုရီးယား ဝန်ကြီးဌာနက SKUကို Nano Technologyဆိုင်ရာ World Class University ကမ္ဘာ့ အဆင့်မီ တက္ကသိုလ်အဖြစ် ရွေးချယ် သတ်မှတ်ခဲ့သည်။ ထို့အပြင် SKU သည် USA တရားဝင် အသိအမှတ်ပြုချက်ဖြင့် Southern New Hampshire University (SNHM) Joint-Degree အပ်နှင်းနေသာ ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်လည်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထိပ်တန်း ကိုရီးယား SKU တက္ကသိုလ်တွင် Bachelor of Engineering (BE) ဘွဲ့သင်တန်းကို တက်ရောက်သင်ယူနိုင်မည် ဖြစ်ပြီး နိုဝင်ဘာလက စပြီး ကျောင်းအပ်လက်ခံနေသည်။ SKUမှ Vice Manager Mr. Kim ကလည်း SKUနဲ့ ပါတ်သက်သမျှ ရှင်းလင်းပေးခဲ့ပါသည်။ Bachelor of Engineering ဘွဲ့သင်တန်းတွင် အဓိက ဘာသာရပ်တွေအနေနဲ့ Civil & Architectural Engineering, Electroic Engineering, Telecommunication, Computer Engineering ဘာသာရပ်များကိုလေ့လာသင်ယူနိုင်ပါသည်။

SKU တက္ကသိုလ်ကို တက်ရောက်လိုပါက ဆယ်တန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်ပြီး Associate Degreeကို ပညာသင်ကာလ နှစ်နှစ်၊ Bachelor Degreeကို ပညာသင်ကာလ ၄နှစ် တက်ရောက်ရမှာလို့ ဆိုပါသည်။ SKUကျောင်းသူကျောင်းသားများနေနှင့် STU Education တွင် ကမ္ဘာ့အဆင့်မီ သင်ရိုးညွန်းတမ်းများအား SKU တက္ကသိုလ်၏ ပါမောက္ခများမှ သင်ကြားပေးခြင်း၊ ကမ္ဘာ့အဆင့်မီ ကိုရီးယား တက္ကသိုလ်၏ ဘွဲ့ကို မြန်မာနိုင်ငံတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် တက်ရောက်နိုင်ခြင်း၊ ကိုရီးယား နိုင်ငံရှိ SKU တက္ကသိုလ်သို့ (၂)ပတ်ခန့် သွားရောက်၍ လေ့လာသင်ကြားနိုင်ခြင်း၊ အမေရိကန် UTEP (Texas University) တွင်လည်း တွဲဖက်ပညာ သင်ကြားနိုင်ခြင်း၊ ၎င်းဘွဲ့ဖြင့် အင်္ဂလန်နှင့် အမေရိကန်ရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်တက်ရောက်နိုင်ခြင်းနှင့် ဘွဲ့ရပြီးပါက Multi-National Companyများနှင့် Korea ကုမ္ပဏီတို့တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်း စသည့် အကျိုးခံစားခွင့်များကို ရရှိနိုင်သည်ဟု သိရပါသည်။

အသေးစိတ်အချက်အလက်များကို စုံစမ်းသိရှိလိုပါက www.stiedu.net, emil: [email protected] နဲ့ ဖုန်း ၀၁-၅၀၇၁၄၁၊ ၅၀၇၁၅၂၊ ၀၉-၂၅၀၀၆၄၄၅၁ မှာ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *