News

Sakharovဆု (၁၉၉၀)ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမည်

ဥရောပပါတီမန်က ၁၉၉၀ပြည့်နှစ်တွင် ချီးမြှင့်ထားသော လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ ဆုဖြစ်သည့် Sakharovဆုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူရန်ရှိကြောင်း ဥရောပ ပါလီမန်က အောက်တိုဘာ ၉ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ တွေးခေါ်မှုများအား ဘဝနှင့် ရင်းပြီး ခုခံကာကွယ်ခဲ့သူများအတွက် သတ်မှတ်ထားသည့် Sakharov Prize for Freedom of Thoughtဆုကို ၁၉၉၀ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်အား ဥရောပ ပါလီမန်က ချီးမြှင့်ခဲ့သော်လည်း ထိုစဉ်က လက်ခံ ရယူနိုင်ခဲ့ခြင်း မရှိပေ။

ဆုကြေးငွေ ဒေါ်လာ ၆၅၀၀၀ (ယူရို ၅၀၀၀၀) ပါဝင်သည့် အဆိုပါဆိုကို ယခင်ရရှိခဲ့သူများတွင် တောင်အာဖရိကနိုင်ငံမှ လူဖြူလူမည်းခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နယ်ဆင်မင်ဒဲလားနှင့် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ပါဝင်သည်။

ယခုနှစ်အတွက် Sakharovဆုကို ချီးမြှင့်ရန် လျာထားခံရသူများတွင် အမေရိကန် ထောက်လှမ်းရေး အချက်အလက်များကို ဖွင့်ချသူ အက်ဒ်ပ်စနိုးဒင်၊ ပါကစ္စတန်အမျိုးသမီးများ ပညာသင်ခွင့်ရရေး လှုပ်ရှားသူ မာလာလာယူဆွပ်ဖ်ဇိုင်နှင့် ဘီလာရုစ်နိုင်ငံတွင် ထောင်ချခံထားရသည့် အစိုးရ ဆန့်ကျင်ရေး သမားသုံးဦးတို့ ပါဝင်ကြောင်း သိရသည်။

ကျူးဘားအစိုးရ ဆန့်ကျင်ရေးသမား ဂီလာမိုဖာရီနက်စ်သည်လည်း ဆုချီးမြှင့်ခံရပြီး နှစ်နှစ်အကြာ ယခုနှစ် ဇူလိုင်လအတွင်းက ဥရောပပါလီမန်ရုံးစိုက်ရာ ပြင်သစ်နိုင်ငံ၊ Strasbourgမြို့သို့ ရောက်လာကာ အဆိုပါဆုကို လက်ခံယူခဲ့ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “Sakharovဆု (၁၉၉၀)ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမည်

  1. အမေစုကျန်းမာပါစေ

Leave a Reply

Your email address will not be published. Required fields are marked *