News

ကိုရီးယားရုပ်ရှင်ပွဲတော် သမ္မတရုံတွင် အောက်တိုဘာ ၂၄မှ ၂၇အထိ ကျင်းပမည်

မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပနေကျ ဖြစ်သည့် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၄ရက်မှ ၂၇ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။

“ဒီနှစ် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၂၄ရက်ကနေ ၂၇ရက်နေ့အထိ သုံးရက် ကျင်းပမှာပါ။ ပွဲတော်ဖွင့်ပွဲမှာ လာမည့် အနုပညာရှင်တွေကို ဖိတ်ကြားထားတာတော့ ရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘယ်သူလာဖြစ်မယ်ဆိုတာ အတိအကျ ပြောလို့ မရသေးပါဘူး”ဟု ကိုရီးယားသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ ကိုရီးယား နိုင်ငံမှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်လေ့ရှိသည်။ ၂၀၀၅ခုနှစ်တွင် မင်းသား ချွဲခွာနူး၊ Baby Voxနှင့် Wah Wah၊ ၂၀၀၉ခုနှစ်တွင်  Lee Young Eun ၊ ဒါရိုက်တာ Kim Eun Ju ၊ ကင်မရာ ဒါရိုက်တာ Suh Ki Wonနှင့် ရုပ်ရှင် အကဲဖြတ် Park Bo Youngတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ်တွင် မင်းသား ဆောင်ဂီဂွတ် (ဂျူမုံ)၊ လီဟားနာ၊ ၂၀၁၁ခုနှစ်တွင် မင်းသား ချွဲဆူဂျောင်း (ဒယ်ဂျိုယောင်း)နှင့် မင်းသမီး ဆိုရီယွန်တို့ တက်ရောက်ခဲ့ကြပြီး ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်တွင် မင်းသား Choung Kyung Hoနှင့် မင်းသမီး Chae Jung Anတို့ တက်ရောက်ခဲ့ကြကြောင်း သိရပြီး ယခုနှစ်တွင်မူ တက်ရောက်မည့် အနုပညာရှင်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

(၈)ကြိမ်မြောက် ကျင်းပမည့် ကိုရီးယား ရုပ်ရှင်ပွဲတော်တွင် ကိုရီးယားနိုင်ငံ၌ အောင်မြင်မှုရရှိထားသည့် ဒရာမာ၊ ဟာသနှင့် အက်ရှင် ဇတ်ကားလေးကားကို ပြသသွားမည်ဟု သိရပြီး ရုပ်ရှင်ကားများအတွက် လက်မှတ်များကို ပွဲတော်ရက်မတိုင်မီ ကိုရီးယား သံရုံး၌ ထုတ်ယူနိုင်ရန် စီစဉ်ပေးသွားမည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *