Mobile, News

မျက်နှာပြင် နှစ်ခု ပါတဲ့ Yota ဖုန်း ရောင်းပြီ

၄.၃ လက်မ အရွယ် LCD Display နဲ့ ၄.၃ လက်မအရွယ် E Ink Display ကို မျက်နှာပြင် တစ်ဖက်တစ်ချက်စီမှာ တပ်ဆင်ထားပါတယ်။ အဲဒီဖုန်းတွေကို Company က ဒီနှစ်အစောပိုင်းမှာ ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ အခုတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ရောင်းချပေးနေပါပြီ။

အဓိက မျက်နှာပြင်ဖြစ်တဲ့ LCD Display ဟာ 1280×720 Resolution ရှိပြီး အနောက်ဖက် Display က 360×640 Resolution ရှိပါတယ်။ အနောက်ဖက်မှာ 13 Megapixel Camera ကို တပ်ဆင်ထားပြီး အရှေ့ဖက် မျက်နှာချင်းဆိုင်မှာ 1 Megapixel Camera ကို တပ်ဆင်ထားပါတယ်။ 32GB Storage ပါရှိပါတယ်။

အနောက်ဖက်မျက်နှာပြင်မှာ Calendar, Time, Social Media, Messages စတာတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး ဘက်ထရီ မကုန်စေဘူးလို့ဆိုပါတယ်။ ဘက်ထရီ ကုန်သွားခဲ့ရင်တောင် မြေပုံ၊ နံပါတ် စတဲ့ သတင်းအချက်အလက်ကိုကြည့်နိုင်ပါတယ်။

Dual-Core 1.7 GHz Snapdragon S4 Processor , 2GB RAM, 1800mAh Battery တပ်ဆင်ထားပြီး Android 4.2.2 Jelly Bean ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။

YotaPhone ကို အနက်ရောင်၊ အဖြူရောင် နှစ်မျိုးရွေးချယ်၀ယ်ယူနိုင်ပြီး ယူရို ၄၉၉ ၊ စတာလင်ပေါင် ၄၁၃ သတ်မှတ်ထားပါတယ်။Russia, Austria, France, Spain and Germany စတဲ့နိုင်ငံတွေက လူတွေအတွက် အွန်လိုင်းစတိုး က ၀ယ်ယူနိုင်ပါတယ်။ ဗြိတိန် မှာတော့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ဥရောပ နှင့် အရှေ့အလယ်ပိုင်း မှာ ၂၀၁၄ မတ်လမတိုင်မီရောင်းချပေးမယ်လို့သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *