Mobile, News

LG ရဲ့ ကွေးနိုင်ကောက်နိုင်တဲ့ LG G Flex Smartphone ကိုတစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချတော့မည်

ယခု လောလောဆယ် ကိုရီးယား နိုင်ငံ တစ်ခု ထဲ မှာ ပဲ ရရှိနိုင်တဲ့ ကွေးကောက်လို့ရပြီး ၊ ဖုံးကျောပြင် က ပွန်းရာ ခြစ်ရာ တွေကို အလိုအလျောက် ပြုပြင်ပေးနိုင်တဲ့ LG G Flex ကို ကမ္ဘာတစ်လွှားကို ဖြန့်ချီတော့မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဟောင်ကောင်မှာ စတင်ရောင်းချဖို့ ဖိတ်ကြားမှုများ လဲ ပြုလုပ်ပြီး ဖြစ်ပါတယ်။ ထိုနေ့ တွင်ပဲ ပြင်သစ် နိုင်ငံ မှာလည်း တစ်ပြိုင်ထဲ ရောင်းချမယ်လို့ သိရပါတယ်။

၎င်း ဖုန်း၏ မျက်နှာပြင်အရွယ်အစား မှာ ၆လက်မရှိပြီး Zippy 2.26 GHz Snapdragon 800 Processor ၊ Ram ကတော့ 2 GB ရှိပြီး ၊ Camera ကတော့ 13-Megapixel တို့ ဖြစ်ကြပါတယ် ။ မျက်နှာပြင် Resolution 1280 x 720 နှင့် Battery ကတော့ 3500mAh ဖြစ်ပါတယ် ။ အလေးချိန် မှာ 177g ဖြစ်ပြီး အထူကတော့ ကွေးနိုင်ကောက်နိုင်တဲ့ Smartphone ဖြစ်တဲ့ အတွက် 7.9mm ကနေ 8.7mm ကြားအတွင်း ရှိပါတယ်။ LG G Flex မျက်နှာပြင်ခုံး Smartphone ဟာ LG G2 သကဲ့သို့ Volume Button ဟာ နောက်ကျောဘက်မှာ ပါရှိတဲ့ လွယ်လင့် တကူ အသံ အတိုးအမြှင့် လုပ်နိုင်ပါတယ်။

ဈေးနှုန်းကတော့ ကိုရီးယား ၀မ်နဲ့ ဆိုရင်တော့ ၉၉၉,၉၉၀ ဖြစ်ပြီး ယူရိုနဲ့ ဆိုရင်တော့ ၅၇၈ ဖြစ်ပါတယ် ။ ဒါ့အပြင် လိုင်း ဆွဲအားကောင်းမွန်ပြီးတော့ ကင်မရာ ကလည်း ကောင်းမွန်တယ်လို့ဆိုပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *