Mobile, News

ASUS Padfone Mini ကို ရောင်းပြီ

Asus Padfone Mini ရဲ့ Tablet နဲ့ ဖုန်း နှစ်မျိုးလုံးကို ဒီနေ့ တိုင်၀မ် မှာ စတင်ရောင်းချလိုက်ပါပြီ ။ Asus Padfone mini ဖုန်းဟာ မျက်နှာပြင် အကျယ်ဟာ ၄.၃ လက်မရှိပြီ ၊ Tablet ကတော့ ၇ လက်မ အကျယ်ရှိပါတယ် ။ Asus Padfone mini ဖုန်း ဟာ Super IPS Screen ကို အသုံပြုထားပြီး ၊ Resolution ကတော့ 256ppi ဖြစ်ပါတယ် ။ Processor ကတော့ Snapdragon 400 MSM8226 chipset (4x Cortex-A7 @ 1.4GHz, 1GB RAM, Adreno 305) ကို အသုံးပြုထားတာဖြစ်ပါတယ် ။ Android Version ကတော့ 4.3 Jelly Bean အမျိုးအစားပဲ ဖြစ်ပါတယ် ။ Asus Padfone Mini ဖုန်းဟာ အရွယ်အစား သေးငယ်ပြီးတော့ ကျစ်ကျစ်လစ်လစ် နဲ့ ပေါ့ပေါ့ ပါးပါး ရှိပါတယ် ။ အရွယ်အစား ကတော့ 129.3 x 65.6 x 8.7 mm ဖြစ်ပါတယ် ။

အလေးချိန်ကတော့ 105 g ဖြစ်ပါတယ် ။ သူမှာ အသုံးပြုထားတဲ့ Battery ကတော့ 1,500mAh ဖြစ်ပြီးတော့ Asus Padfone Infinity မှာ အသုံးပြုထားတဲ့ Battery နဲ့ ယှဉ်ရင်တော့ အနည်းငယ် စွမ်းရည်နိမ့် ပါတယ် ။ Asus Padfone Mini ဖုန်းမှာ ကင်မရာ နှစ်ဖက်ပါရှိ ပြီးတော့ အနောက်ဖက် ကင်မရာ ကတော့ 8 Mega Pixel ဖြစ်ပြီ အရှေ့ဘက် ကင်မရာ ကတော့ 2 Mega Pixel ဖြစ်ပါတယ် ။ Built In Storage ကတော့ 16 GB ဖြစ်ပြီး SD Card များလည်း နောက်ထပ် ထည့်သွင်းအသုံးပြုလို့ရပါတယ် ။ MicroSIM Slots ပါရှိတဲ့ အတွက် Dual SIM အသုံးပြုလို့ရပါတယ် ။ Bluetooth 4.0 (Bluetooth LE ) ကိုအသုံးပြုထားတာဖြစ်ပါတယ် ။ Satellite ဆက်သွယ်ရေးပိုင်းမှာလည်း A-GPS (Assistance Global Positioning System ) နဲ့ GLONASS (Global Navigation Satellite System ) ကို အသုံးပြုထားတဲ့ အတွက် အလွန်ပဲ လျှင်မြန်စွာ ဆက်သွယ် နိုင်မဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ် ။

Asus Padfone Mini Tablet ရဲ့ Screen ကတော့ Super IPS Screen ကိုအသုံးပြုထားပြီး ၊ Resolution ကတော့ 1,280 x 800 (216ppi) ကို အသုံးပြုထားတာ ဖြစ်ပါတယ် ။ Battery ကတော့ 2,200mAh ဖြစ်ပြီးတော့ အလေးချိန်ကတော့ 415 g ဖြစ်ပါတယ် ။ ရွေးချယ်စရာ Colour တွေကတော့ အနက် ၊ အဖြူ ၊ ပန်းရောင် တို့ ရရှိနိုင်ပါတယ် ။

Asus Padfone Mini ဟာ တိုင်၀မ် အပြင် တရုတ် ၊ ရုရှား ၊ အင်ဒိုနီးရှား နဲ့ ဟောင်ကောင် တို့မှာလည်း ဆက်လက် ရောင်းချသွားမယ်လို့ သိရပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “ASUS Padfone Mini ကို ရောင်းပြီ

  1. Yuki Love says:

    ဈေးနှုန်းဘယ်လောက်လဲ

Leave a Reply

Your email address will not be published. Required fields are marked *