News

ဆက်သွယ်ရေးလုပ်ငန်း တင်ဒါခေါ်ယူမှု ပွင့်လင်းမြင်သာ၍ ကျေနပ်သည်ဟု သိရ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္႑နှင့် ပတ်သက်၍ ဥပဒေစည်းမျဉ်းစည်းကမ်းများ မသေချာမရေရာမှုများ ရှိနေသော်လည်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင် စင်နှစ်ခုအတွက် ပြည်ပကုမ္ပဏီ ကြီးများ သည် ဇွန်လ ၃ရက်နေ့ နောက်ဆုံးထားပြီး ဈေးပြိုင်တင်ဒါ တင်သွင်းခဲ့ကြကြောင်း သိရ သည်။ ထိုကဲ့သို့ မရေရာမှုများကြောင့် ဆန်ကာတင် ရွေးချယ်ထားသည့် ကုမ္ပဏီ ၁၂ခုအနက် Vodafoneနှင့် China Mobile တို့ နုတ်ထွက်သွားသော်လည်း မြန်မာ အစိုးရ၏ တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍မူ ပွင့်လင်းမြင်သာမှုရှိကြောင်း ချီးကျူး ပြောဆိုကြသည်ဟု သိရပါသည်။ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့တကယ် ဆုံးဖြတ်ထားတဲ့ ကုမ္ပဏီတွေကတော့ မသေ ချာ မရေရာမှု တချို့ကို ထည့်တွက်ကြ မှာပါ။ ပြီးတော့ တင်ဒါခေါ်ယူမှုနဲ့ ပတ်သက် ပြီးတော့လည်း ကျေနပ်ကြမယ်လို့ ကျွန် တော်ထင်ပါတယ်”ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းနဲ့ ၁၉၉၈ခုနှစ်ကတည်းက ပူး တွဲလုပ်ကိုင်ခဲ့သော Myanmar Capital Advisersအဖွဲ့၏ မန်နေဂျင်း ဒါရိုက်တာ ပေါလ်ဝီလ် ဆင်က ပြောပါသည်။ ဆက် သွယ်ရေး လုပ်ငန်းလိုင်စင်ရမည့် ကုမ္ပဏီ နှစ်ခု၏ အမည်ကို ဇွန်လ ၂၇ရက်နေ့တွင် ကြေညာ ပေးမည်ဖြစ်ပြီး ဈေးပြိုင်တင်သွင်း လာသည့် ကုမ္ပဏီများကို နည်းပညာဆိုင်ရာ စီမံချက် (အမှတ် ၁၀၀၀)နှင့် လိုင်စင်ကြေး (အမှတ် ၅၀၀)နှစ်ခုစလုံးပေါ် မူတည်ပြီး အမှတ် ၁၅၀၀ပေးကာ ရွေးချယ်မည် ဖြစ် ကြောင်း သိရသည်။

သို့ရာတွင် လုပ်ကိုင်ခွင့် ချပေးမည့် လုပ်ငန်းနှစ်ခုနှင့် ပတ်သက်၍ ဥပဒေကို ရှင်းရှင်းလင်းလင်း မသိရသေးပဲ တယ်လီ ကောမ် နည်းဥပဒေသစ် မူကြမ်းကို ဇူလိုင် လလယ်ပိုင်းခန့်မှ လွှတ်တော်က အတည်ပြု နိုင်ဖွယ်ရာ ရှိသည်။ အမှီအခို ကင်းသည့် ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ဝေဖန် ဆန်းစစ်သူ တစ်ဦးဖြစ်ပြီး ဟောင် ကောင် အခြေစိုက် အာရိဂျေဘီ၏ အကြံပေး ကုမ္ပဏီ၏ အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ ရော်ဂျာ ဘာလိုက “တယ်လီကောမ် နည်း ဥပဒေ မရှိတာက စိုးရိမ်စရာတစ်ချက်ပါ။

ဒါပေမယ့် ဒါက အထူးအဆန်းတော့ မဟုတ် ပါဘူး။ တခြား အရှေ့တောင် အာရှနိုင်ငံ တွေလည်း ဒီလိုပဲ ဥပဒေမရှိကြတာတွေ ရှိပါတယ်”ဟု ပြောပါသည်။ Business Monitor Lnternationalမှ အာရှရေးရာ ကျွမ်းကျင်သူ အန်ဒရူးဝုဒ်က စည်းမျဉ်းဥပဒေ မရှိသေး သည့်အတွက် ဈေးပြိုင်တင်ဒါ တင် သွင်းသူများအတွက် ပိုမို ခက်ခဲရှုပ်ထွေး သည့် စွန့်စားရမှုများ ရှိနေကြောင်း၊ နိုဝင် ဘာလတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်ကို အတည်ပြုလိုက်သည့် အတွက် နိုင်ငံခြားသား လုပ်ငန်းရှင်များနှင့် ပတ်သက် သည့် ကန့်သတ်ချက် တစ်ချို့မရှိတော့သည့် အပြင် လုပ်ငန်း လုပ်ကိုင်ခွင့်ကိုလည်း လိုင်စင်အရ တယ်လီဖုန်း ဆက်သွယ်မှု ဆိုင်ရာ ဝန်ဆောင်မှု အပြည့်အဝ ပေးခွင့် လည်း ရှိကြောင်း၊ ဤအခြေအနေနှင့် ကိုက် ညီသော ဥပဒေမျိုးလည်း ပေါ်ထွက်လာ မည်ဟု ထင်ကြောင်း ပြောကြားပါသည်။ ပြည်ပကုမ္ပဏီများသည် အသံနှင့် သတင်း အချက်အလက်ပေးပို့မှုနှင့် ပတ်သက်ပြီး ရည်မှန်းချက် ပြည့်မီစေရန် အခြေခံ အဆောက်အအုံများ စီစဉ်ပေးရ မည်ဖြစ်ရာ အဆိုပါ အချက်သည် အရေးပါသည့် အချကတစ်ချက် ဖြစ်လာသည်။ လုပ်ကိုင် ခွင့်ရ ကုမ္ပဏီနှစ်ခုသည် လိုင်စင်သက် တမ်းအရ နိုင်ငံအတွင်းရှိ ဖုန်းခေါ်ဆိုမှု ၂၅ ရာခိုင်နှုန်းနှင့် ဒေတာပေးပို့မှု ၁၀ရာခိုင်နှုန်း ဝန်ဆောင်မှုပေးရမည် ဖြစ်ပြီးနောက် ၅နှစ် တွင် ၇၅ရာခိုင်နှုန်းနှင့် ၅၀ရာခိုင်နှုန်း ဝန် ဆောင်မှု ပေးရမည်ဖြစ်ကြောင်း သိရပါ သည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖံွ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က တင်ဒါတင်သွင်းလာသော ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ၎င်းတို့ ကြုံတွေ့လာရနိုင်သည့် အခက်အခဲများကို နားလည်ထားကြကြောင်း၊ ကုမ္ပဏီများသည် ၎င်းတို့ လက်မခံနိုင်သော စွန့်စားရမှုမျိုးတွေ ရှိနေမည်ဆိုလျှင် အစကတည်းက လာမှာ မဟုတ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သည် အားလုံး အဆင်ပြေချောမွေ့သွားသည် အထိ မည်သည့်အခါမျှ မစောင့်ကြောင်း ပြောကြားခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *