News

ပြင်သစ်မှာပညာသင်နိုင်မည့် အခွင့်အလမ်း French Education Fair ကျင်းပမည်

education-fair

ပြင်သစ်နိုင်ငံမှာ ပညာသွားရောက် သင် ကြားမည့်သူများအတွက် အခွင့်အလမ်း ကောင်းများ ပေးစွမ်းနိုင်မည့် French Education Fairအား ရန်ကုန်မြို့ ပြည် လမ်းအမှတ် ၃၄၀ရှိ French Institute တွင် ဇွန် ၂၁ရက်နှင့် မန္တလေး တက္ကသိုလ်တွင် ဇွန် ၁၉ရက်များမှာ ကျင်းပ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အား ပညာရေး၀န်ကြီး ဌာန၊ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၀န် ကြီးဌာန တို့၏အကူအညီကို ရယူ၍ ပြင်သစ် သံရုံးနှင့် Campusfranceကျောင်း ကိုယ်စား လှယ်များ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

အခမ်းအနားတွင် ပြင်သစ်နိုင်ငံမှာ ပညာ သင်ကြားနိုင်ရန် အခွင့်အလမ်းများအကြောင်း၊ ပြင်သစ်နိုင်ငံ၏ပညာရေးအဆင့်အတန်းနှင့် ပညာရေးစနစ် ကွဲပြားပုံများ အကြောင်းတို့ အပြင် ပညာသင်ကြားလိုသူများအနေဖြင့် လိုအပ်သည့် ပညာသင်ဆု လျှောက်ထားမှု ဆိုင်ရာ အကြောင်းများ၊ ဘာသာစကား ကျွမ်း ကျင်မှုဆိုင်ရာ လိုအပ်ချက်များ အကြောင်း၊ ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ ဗီဇာလျှောက်ထားမှုနှင့် အခြားသော လိုအပ် ချက်ဆိုင်ရာများ အကြောင်းကို ရှင်းလင်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲသည် ပြင်သစ် ဘာသာစကား လေ့လာ သင်ကြားနိုင်ရန် အတွက်လည်း အထောက်အကူ ဖြစ်စေ နိုင်မှာ ဖြစ်သည်။ ပွဲအတွင်း ဆွေးနွေးမှုများ အား အင်္ဂလိပ် ဘာသာစကားဖြင့် ပြောကြား ဆွေးနွေး သွားမည်ဖြစ်ပြီး အပြန်အလှန် ဆွေးနွေးမှု များလည်း ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရ သည်။ ပါ၀င်ဆွေးနွေးမည့် ကျောင်းများမှာ Campusfrance, Uni-versity of Montpellier2, International Center of Agronomy Research for Development နှင့် University of Higher Education in Engineering Technology တိုဖြစ်သည်။ အဆိုပါပွဲအား တက်ရောက် မည့်သူများ အနေဖြင့် နံနက် ၈နာရီခွဲတွင် စာရင်း ပေးသွင်းရမည်ဖြစ်ပြီး အစီအစဉ်အား နံနက် ၉နာရီမှ ၁၂နာရီအထိ ပြုလုပ်သွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *