Mobile

Samsungရဲ့ မျက်နှာပြင်ကြီးကြီး Galaxy Mega

Screenကြီးကြီး၊ မျက်နှာပြင်ကျယ်ကျယ်တွေ ခေတ်စားနေတဲ့ အချိန်မှာ မြန်မာအိုင်စီတီပရိသတ်ကြီး အတွက် Samsung Galaxy Megaစမတ်ဖုန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါဖုန်းဟာ မိတ်ဆက်ပွဲထုတ် ခဲ့တာကြာပြီ ဖြစ်ပေမယ့် အမေရိကမှာတော့ ယခုလမှ စတင်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပြီး အဆိုပါဖုန်းရဲ့ ထူးခြားချက်ကတော့ မျက်နှာပြင်အကျယ် ၆.၃လက်မ အရွယ်ရှိ full-HD TFT Displayပဲ ဖြစ်ပါတယ်။ S4တို့ Note 2တို့နဲ့ ကွဲပြားစွာပဲ အဆိုပါ စမတ်ဖုန်းဟာ AMOLED Panelကို အသုံးပြုထားခြင်း မရှိပါဘူး။ 2G Networkမှာ GSM 850/900/1800/1900, 3G Networkမှာ HSPDA 850/900/1900/2100နဲ့ 4G Networkမှာတော့ LTE 800/850/900/1800/2100/2600 စတဲ့ ကွန်ရက်တွေမှာ ချိတ်ဆက်အသုံးပြုနိုင် ပါတယ်။ SIM Cardကိုတော့ micro-SIMအသုံးပြု ရမှာဖြစ်ပါတယ်။

အလေးချိန် ၂၀၀ဂရမ်ရှိပြီး 720×1280 pixels Resolutionနဲ့ ၆.၃လက်မ အရွယ်ရှိတဲ့ LCD Capactive Touchscreenကို တပ်ဆင်အသုံးပြုထားပါတယ်။ Multitouchလည်း ရတယ်လို့ ဆိုပါတယ်။ Internal Memory 8GBနဲ့ 16GBဆိုပြီးနှစ်မျိုး ရှိကာ RAM 1.5GB တပ်ဆင်ထားပါတယ်။ ဒါ့အပြင် အချက်အလက်ထပ်မံ သိုလှောင်နိုင်ဖို့ microSD Cardကို 64GBအထိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Dataတွေ ကူးပြောင်းဖို့အတွက်လည်း Bluetooht v4.0, NFC, micro-USB v2.0နဲ့ Infrared Portလည်း ပါ၀င်တဲ့အပြင် GPRS, EDGEစနစ်တွေသာမ Wi-Fi 802.11 a/b/g/n/a/c စတဲ့ ဗားရှင်းတွေ အကုန်အသုံးပြုနိုင်မယ ်လို့လည်း သိရပါတယ်။ ကင်မရာကိုတော့ 8MP, 3264×2448 pixelsအရည်အသွေးနဲ့ တပ်ဆင်ထားပြီး Featureတွေ အနေနဲ့ AutoFoucs, TouchFocus, Geo-Tagging, LED Flash, Face & Smile Detection, HDR, Panoramaစသဖြင့် ပြည့်ပြည့်စုံစုံ ပါ၀င်လာတာကို တွေ့ရှိရပါတယ်။ ဗီဒီယိုကိုလည်း1080p@30fpsအရည်အသွေးမှာ Stereoအသံ စနစ်နဲ့ ရိုက်ကူးနိုင်ပြီးရှေ့ကင်မရာ 1.9MP ရှိပါတယ်။

အဆိုပါ စမတ်ဖုန်းမှာ အသုံးပြုမောင်းနှင်ထားတဲ့ OSကတော့ အန်းဒရွိုက်ဗားရှင်း 4.2.2(Jelly Bean) ဖြစ်ပြီး Chipsetက Qualcomm Snapdragon 400ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ CPUအနေနဲ့ Dual-Core 1.7 GHz Krait, GPUအနေနဲ့ Adreno 305အသုံးပြု ထားပြီး ရေဒီယိုတော့ ပါ၀င်လာခြင်းမရှိပါဘူး။ HTML5 Browserပါ၀င်ပြီး Accelerometer, Gyro, Proximity, Compassစတဲ့ Sensorတွေလည်း တပ်ဆင်ထည့်သွင်း ထားပါတယ်။ အဖြူ၊ အမည်းနဲ့ ပန်းရောင်ဆိုပြီး သုံးမျိုးထုတ်လုပ်ထားပြီး Batteryကို 3200 mAh Li-ion တပ်ဆင်ထားပါတယ်။ အဆိုပါ ဖုန်းဟာ နာမည်နဲ့လိုက်အောင် မျက်နှာပြင်ကြီးမားပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုချင်တဲ့ စမတ်ဖုန်းချစ်သူတွေအတွက်တော့ အံကိုက်ပါပဲ။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော Galaxy Megaကို နှစ်သက်ရဲ့လား?

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *