Mobile, News, Phones, Review

Samsung Galaxy A11 အကြောင်း

Samsung Galaxy A 11 က အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးကို ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးထားတဲ့ Samsung ရဲ့ “Entry Level” အဆင့် စမတ်ဖုန်းကောင်း တစ်လုံး ဖြစ်ပါတယ်။

 

အဖြူရောင်၊ အပြာရောင်၊ အနက်ရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ လာတဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးလို့ရပါတယ်။
Selfie ကင်မရာ Punch Hole ကို ဘေးဘက်မှာကပ်ထားပြီး Notch မပါဝင်တဲ့ မျက်နှာပြင်ဒီဇိုင်းပုံစံသစ်လေးနဲ့ ထုတ်လုပ်ပေးထားပါတယ်။

 

အတွင်းမျက်နှာပြင်အတွက် PLS TFT capacitive touchscreen, 16M colors မျက်နှာပြင်အမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစား 6.4” နဲ့ ထုတ်လုပ်ပေးထားပြီး Resolution အားဖြင့် HD+ Resolution (720 x 1560 pixels, ~268 ppi density) ရရှိမှာပါ။ OS အဖြစ် Android 10 နဲ့ မောင်းနှင်ပေးထားပါတယ်။

 

System ပိုင်းမှာ Chipset အဖြစ် နာမည်ကျော် Snapdragon ရဲ့ Qualcomm SM4250 Snapdragon 450 ကို အသုံးပြုထားပြီး 1.8 GHz Octa-core Processor နဲ့ တွဲဖက်ပေးထားပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် အရည်အသွေးကောင်းမွန်တဲ့ Adreno 506 (GPU) ပါဝင်တာကြောင့် ရုပ်ထွက်ပိုင်းကောင်းမွန်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးမှာပါ။

 

Internal Storage – 32GB ပါဝင်မှာဖြစ်ပြီး microSD ကတ်အတွက် သီးသန့် Slot ပါဝင်တာကြောင့် Storage ထပ်တိုးဖို့ အဆင်ပြေပါတယ်။
RAM 3GB ဖြစ်တဲ့အတွက် ပုံမှန်အသုံးပြုနေကျ Apps တွေကို အဆင်ပြေပြေ တပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

နောက်ကျောဘက်မှာ 13MP (wide) + 5MP (ultrawide) + 2MP (depth) စုစုပေါင်း ကင်မရာ သုံးလုံးကို တပ်ဆင်ပေးထားပါတယ်။ လှပသပ်ရပ်တဲ့ ဓာတ်ပုံကောင်းတွေကို ရိုက်ကူးပေးနိုင်ပြီး မြင်ကွင်းကျယ်ဓာတ်ပုံတွေကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ 2MP (depth) ကင်မရာက နောက်ခံ Background က Noise တွေကို ဖယ်ရှားပြီး ပရော်ဖက်ရှင်နယ်အရည်အသွေးနဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်စေမှာပါ။ လှပတဲ့ Selfie ပုံရိပ်တွေရိုက်ကူးဖို့ 8MP Selfie ကင်မရာကို ရှေ့ဘက်မှာ တပ်ဆင်ပေးထားပါတယ်။

 

ဘက်ထရီအတွက် 4000mAh တပ်ဆင်ပေးထားပြီး Fast Charging 15W (Type-C) Adapter နဲ့ အားအမြန်သွင်းနိုင်ပါတယ်။ လုံခြုံရေးအတွက် Finger Print ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ အာမခံသက်တမ်း တစ်နှစ် ပါဝင်ပါတယ်။

 

ရောင်းဈေးက K209,000 နဲ့ ICT.com.mm မှာ အခုဝယ်လို့ရပြီနော်။ ဝယ်ဖို့အတွက် အောက်က link လေးတွေကို နှိပ်ပါခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *