Audio & Video, News, Review

LG 60” UN71 Series HDR Smart UHD TV with AI ThinQ 60UN7100PTA (Black) အကြောင်း

လက်မ 60 ရှိတဲ့ LG UN71 Series HDR စမတ်တီဗီ ဖြစ်ပါတယ်။ ဖန်သားပြင်အမျိုးအစားက 4K UHD ဖြစ်ပြီး 4K စစ်စစ်နဲ့ အလွန်တရာသာတဲ့ High Definition ဖြစ်တယ်လို့ LG က ကြွေးကြော်ထားတဲ့ စမတ်တီဗီပါ။
ရုပ်ရှင်၊ ဘောလုံးပွဲနဲ့ ဂိမ်းအမျိုးမျိုးအတွက် စိတ်တိုင်းကျရုပ်သံအရည်အသွေးထွက်ရှိပါတယ်။ သာမန် Full HD တီဗီတွေထက် ၄ ဆ သာစေရမယ်လို့ LG က ပြောထားပြီးလည်း ဖြစ်တယ်ခင်ဗျ။
စမတ်တီဗီအနေနဲ့ Quad Core ပရိုဆက်ဆာက ပုံရိပ်အဆင့်ကို မြှင့်တင်ပေးပြီး အသံပိုင်းဆိုင်ရာမှာလည်း မလိုလားအပ်တဲ့ဆူညံတွေ အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ကန့်သတ်ပေးပါတယ်။ အဲဒါကြောင့် သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်ပြတ်သားမှုနဲ့အရောင်အသွေးကို ကြည့်ရှုခံစားနိုင်မှာပါ။
Google Assistant နဲ့ Amazon Alexa တို့ကို built-in ထည့်သွင်းပြီးသားမို့ အခုစမတ်တီဗီ LG ThinQ AI ဟာ တခြားစမတ်တီဗီတွေထက် သုံးရတာ ပိုအဆင်ပြေပါလိမ့်မယ်။
ပရီးမီးယားလိဂ်လို အားကစားပွဲတွေ မကျင်းပမီနဲ့ ကျင်းပပြီးချိန်တွေမှာလည်း သုံးစွဲသူကို သတိပေး၊ အချက်ပေးတဲ့စနစ်လည်း ထည့်သွင်းပေးထားလို့ ဘောလုံးပွဲဝါသနာအိုးတွေ အကြိုက်တွေ့စေမှာပါ။
ဒါ့အပြင် အလွန်တရာသာတဲ့ HDR ဂိမ်းအတွေ့အကြုံကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။
ရောင်းဈေးက K849,000 ဖြစ်ပြီး အာမခံတစ်နှစ်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *