News

Samsung ရဲ့ ATIV S Neo Windows Phone ကို AT&T ကနေရောင်းမည်

Samsung က ATIV S Neo Windows Phone ကို Carrier Exclusive အနေနဲ့   AT&T ကနေ နို၀င်ဘာလ (၈) ရက်နေ့မှာ နှစ်နှစ်စာချုပ်နဲ့ရောင်းချတော့မှာဖြစ်ပါတယ်။ရောင်းဈေးကိုတော့ $99.99 သတ်မှတ်ထားပါတယ်။ 4.8 လက်မ 720p Display ပါရှိပြီး၊ 8MP Camera ပါရှိပါမယ်။ Micro SD Slot တစ်ခု၊ 1.4 GHz dual-core processor တပ်ဆင်အသုံးပြုပါမယ်။

သူ့အရင်ထုတ်ခဲ့တဲ့ ATIV S Windows Phone ကတော့ Galaxy S3 ကိုအခြေခံပြုလုပ်ထားတာတွေ့ရပါတယ်။Samsung က Windows Phone အမျိုးအစားထဲမှာတော့ နာမည်ကြီးထင်ရှားတဲ့ ဖုန်းကိုတော့ထုတ်လုပ်ထားခြင်းမရှိသေးပါဘူး။ Windows Phone အမျိုးအစားတွေကိုအဓိကထုတ်လုပ်နေတဲ့  Nokia ကလွဲပြီးတစ်ခြား Manufacturer တွေကတော့ ဒီဈေးကွက်ထဲကို၀င်ရောက်လာခြင်းမရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *