News
Miss Universe Myanmar မိုးစက်ဝိုင် အင်တာနက်တွင်မဲ အများဆုံးရရှိနေ
Miss Universe 2013 ပြိုင်ပွဲကြီး မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် ၀်ရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar မိုးစက်ဝိုင်သည် လူကြိုက် အများဆုံးဖြင့် အင်တာနက်တွင်မဲ အများဆုံး ရရှိထားကြောင်းသိရသည်။ မိုးစက်ဝိုင်သည် အင်တာနက်မဲပေးမှု စနစ်တွင် အောက်တိုဘာ ၂၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ် တိတိတွင် မဲပေးမှု (189478) အများဆုံးဖြင့် ရပ်တည်နေခဲ့သည်ဟု ဆိုသည်။
မိုးစက်ဝိုင်က “ကျွန်မကို ဒီလိုမျိုး မဲတွေပေးခဲ့တဲ့ အတွက် တအားကို ပျော်ရွင်ရပါတယ်။ ဒါက ကျွှန်မ ဘ၀သက်တမ်း တစ်လျှောက်လုံးအတွက် အခွင့်အရေးတစ်ခုလို့ ထင်မြင် မိပါတယ်။ ယုံလည်းယုံကြည်တယ်။ ကျွန်မကတော့ ကျွန်မတတ်စွမ်းသမျှကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်လို့ လုပ်သွားမှာပါ။ တစ်ချိန်ကျရင် အတိတ်ကို ပြန်ကြည့်တဲ့အခါမှာ အမိနိုင်ငံအတွက် ကိုယ်ဘာတွေလုပ်ပေးနိုင်ခဲ့သလဲဆိုတာကို ပြန်ခံစားမိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်’’ ဟု အင်တာနက်မှတစ်ဆင့် ဖြေကြားခဲ့သည်။
နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု မိုးစက်ဝိုင်အား နိုင်ငံတကာမှ လူစိတ်၀င်စားမှု အများဆုံးခံရခြင်းဖြစ်ကြောင်း သိရသည်။ မိုးစက်ဝိုင်နှင့် အတူ ဂါနာ (Ghana) နိုင်ငံ ကိုယ်စားပြု Hanniel Jamin မှာလည်း လူစိတ်ဝင်စားမှု အများဆုံး ရရှိထားသည်။
Miss Universe ပြိုင်ပွဲကြီးသည် ကမ္ဘာပေါ် တွင်အကြီးမားဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး ၁၉၅၉ ခုနှစ်၊ ၁၉၆၀ခုနှစ်၊ ၁၉၆၁ ခုနှစ် သုံးနှစ်ဆက်တိုက် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၁၉၆၁ခုနှစ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဖလော်ရီဒါ ပြည်နယ်သို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်ခင်မြင့်မြင့်သည် အသားအရေလှပမှုနှင့် ကိုယ်ခန္ဓာအချိုးကျ လှပမှုဆုကို ရယူနိုင်ခဲ့ကြောင်းသိရသည်။
မယ်စကြာ၀ဠာ ပြိုင်ပွဲကြီးကို ရုရှားနိုင်ငံ မော်စကိုမြို့၌ နို၀င်ဘာ ၉ ရက်မှ စတင်၍ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု မိုးစက်ဝိုင်အား မဲပေးလိုပါက missosology.org ၀က်ဘ်ဆိုက်သို့ ၀င်ရောက်မဲပေးနိုင်ပါသည်။
author-avatar
About TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။
Related Posts
22 thoughts on “Miss Universe Myanmar မိုးစက်ဝိုင် အင်တာနက်တွင်မဲ အများဆုံးရရှိနေ
  1. Myo Myo says:
    hak…hak.. စာလုံးပေါင်းမှားလို့  ၂ ခါ ဖတ်လိုက်ရတယ်ဗျ
  2. ငါကိုယ်တော်အားဆက်သစေ
  3. မိုးစက်ဝိုင်လုပိပါဂျ 😛
  4. တော်တော်စဉ်းစားလိုက်ရတယ်
    သွားပြိုင်တာနှစ်ယောက်လားလို့
  5. စာလုံးပေါင်းမှားနေတယ် ဒါတောင်မသိဘူးလား ဂျ……..
  6. Yati Hline says:
    Moe set wine pr ha
  7. Justin Young says:
    မြန်မာနိုင်ငံကဘယ် Model မဆို ၀င်ပြိုင်ရင် miss internetဆုတော့ရပြီးသားပါ ပွင့်ဝင်ပြိုင်ရင်တောင် ဆုရချင်ရအုံးမာ XD
  8. Win Tun says:
    တင်တဲ့လူကိုကမှားနေတယ်သေချာအောင်အရင်လေ့လာပြီးမှတင်ကြပါ အသံဖမ်းတရားနာမလုပ်ကြပါနဲ့ မိုးစက်ဝိုင်ပါဟ်
  9. Min Aye Htun says:
    မိုးစက်ဝိုင် ပါဗျ
  10. Ivano Zodac says:
    ဪ မိုးစက်လွင် မိုးစက်လွင် သိပ်နာမည်ကြီးနေပါလားမိုးစက်လွင်ရယ်
  11. နိုင်ငံတကာမှာပြိုင်ပွဲဝင်နေချိန်ဒို့မြန်မာတွေအားပေးကြပါမကြိုက်တာတွေ၇န်ညှိုးတွေကိုဘေးဖယ်ထားပါ
  12. Caro Line says:
    စာလုံးပေါင်းတောင်မှားတယ် အံ့သြပါ့
  13. Nan Kyi says:
    ဘယ်တုန်းကy ပြောက်သွားတာလဲ
  14. Win Zaw says:
    မြန်မာ့ဂုဏ်ကိုဆောင်နိုင်ပါစေ
  15. Myat Su says:
  16. Htet Wai Min says:
    ဘာရယ်..ဒီ Miss က နောက်တစ်ယောက်လား..Admin မဟုတ်ရင် ရူးနေတာက ငါပဲဖြစ်ရမယ်..
  17. Thit Sar says:
    စောက်တလွဲ Page လုပ်ထားပီနာမည်တောင်မှန်အောင်မရေးဘူး မှားရင်လဲပြန်ပြင်တာမဟုတ်
  18. Aung Chanmin says:
    တကယ်ဘဲမြန်မာ့နိင်ငံအတွတ်ဝင်ရွှေးတာလား
  19. Soe Thein says:
    လောသွားလို့ပါငါ့လူတို့ရယ့့်
    ပြောပြချင်စိတ်က တအာ့း့ တအား
    1. pppooo says:
ူးူ
Leave a Reply
Your email address will not be published. Required fields are marked *