Genre – Open World Action
Open World Actionဂိမ်း Saints Row IVဖြစ်ပြီး ယခင် Saints Row Seriesထက် Gameplay featuresပေါင်းများစွာ ပိုမို ပါဝင်လာပါတယ်။ Saints Row IV ဂိမ်းသစ်ဟာ Saints Row The Third အပြီး ငါးနှစ်ကျော်မှာ နေရာယူထားပြီး ကစားသူဟာ The Third Street Saints၏ ခေါင်းဆောင် နေရာကနေ Saints Row IVမှာတော့ American President ရာထူးကို ရရှိနေပြီ ဖြစ်ပါတယ်။ ဟာသနှင့် Action ဇာတ်လမ်းကို အသားပေးထားတဲ့ Saints Row IVမှာ ရန်သူဂြိုဟ်သား တပ်ဖွဲ့ Zin Empireနှင့် ရင်ဆိုင် တိုက်ခိုက်ရမှာဖြစ်ပြီး Superpowerများကို အသုံးပြုနိုင်မှာပါ။