How-to

ကိုယ့်ဖုန်းရဲ့ အချက်အလက်တွေကို ကာကွယ်မယ်

စမတ်ဖုန်းတစ်လုံးဆိုတာ သေသေချာချာ စီမံပြုလုပ်ထားတဲ့ အနုပညာလက်ရာမြောက် ပစ္စည်းလေး တစ်မျိုး လို့ဆိုလိုက်ရင် လွန်အံ့မထင်ပါ။ အဲဒီထဲမှာ ပြက္ခဒိန်နေ့ရက်တွေကို အလုပ်တွေနဲ့တကွ မှတ်သားထားနိုင်တယ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ စုစည်းထားပြီး အချိန်မရွေး ပြန်လည်နားထောင် နိုင်တယ်၊ အမှတ်တရတွေကို ဓာတ်ပုံနဲ့တကွ မှတ်တမ်းတင် ထားနိုင်တယ် စသည်ဖြင့် သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အသုံး၀င်မှုတွေ တစ်ပုံတစ်ပင်ပါပဲ။ ဒါပေမယ့် အဲဒီလို အသုံး၀င်လှတဲ့ စမတ်ဖုန်းလေးတစ်လုံး မတော်တဆ ပျောက်ဆုံး၊ ပျက်စီးသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ? အဲဒီအခါမှာ တကယ်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။

ဒါကြောင့် မြန်မာအိုင်စီတီ ပရိသတ်တွေအတွက် စမတ်ဖုန်းတစ်လုံးရဲ့ အချက်အလက်တွေကို ဘယ်လို ကာကွယ်ထားရမလဲ ဆိုတာ တင်ဆက် ပေးလိုက်ပါတယ်။ သင်နေ့စဉ် အသုံးပြုနေတဲ့ စမတ်ဖုန်းဟာ သင့်ရဲ့Messageတွေ၊ ကိုယ်ရေးအချက်အလက်တွေ စသဖြင့် တစ်ပါးသူကို အသိမပေးလိုတဲ့ Dataတွေ အများအပြားပဲ ရှိမှာပါ။ အဆိုပါ Dataတွေကို “Back-Up”လုပ်လိုက်ရင်တော့ သင့်ရဲ့အချက်အလက်တွေကို အခိုးခံရခြင်း၊ ပျက်စီးခြင်းကနေ ကာကွယ်ပြီးသား ဖြစ်သလို ဟန်းဆက်အသစ် လဲတဲ့အခါမှာလည်း Dataတွေ ကူးပြောင်းဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေရဲ့ အဓိက Operating System(OS)တွေ ဖြစ်တဲ့ iOS(သို့မဟုတ်)Android OS ဘယ်ဟာကို သုံးသုံး သင့်ရဲ့ အရေးကြီး Dataတွေကို Back-Upလုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ Dataတွေနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ် ပူပန်မနေပါနဲ့တော့။

Appleအသုံးပြုသူတွေ အတွက်

၁။ အရင်ဆုံး ပြောပြချင်တာကတော့ Apple Userတွေ အတွက်ပါ။ Appleမှာ Back-Upလုပ်ဖို့ iCloudနဲ့ iTunesဆိုပြီး ရွေးချယ်စရာနှစ်ခု ရှိတဲ့အနက် ရှေးဦးစွာ iCloudအကြောင်း အနည်းငယ် ပြောပြလိုပါတယ်။ ၎င်းဟာ အချက်အလက်ထားသိုဖို့ Appleရဲ့ Cloud-Basedစနစ်တစ်ခု ဖြစ်ပြီး 3Gကွန်ရက် မရှိရင်တောင်မှ Wi-Fiနဲ့ မိနစ်ပိုင်းအတွင်းမှာတင် အလွယ်တကူ Back-Upလုပ်နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ iCloudဟာ 5GBပမာဏ အထိသာ အခမဲ့သုံးလို့ ရမှာဖြစ်ပြီး ဒီထက်ပိုမို အသုံးပြုချင်ရင်တော့ အခကြေးငွေ ပေးဆောင်ထားရမှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ iDeviceလေးကို ကိုင်ပြီး Dataတွေ လုံခြုံစေဖို့ Back-Upလုပ်တော့မယ် ဆိုရင် Settings>iCloud>Storage & Backupကို သွားပြီးတော့ “iCloud Backup”ကို ဖွင့်ထားရမှာပါ။

ဖွင့်ပြီးရင် Screenတစ်ခုစာ “Back”လုပ်ပြီး အဲဒီမှာသင် ကြိုတင်သွင်းထားတဲ့ Appsတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သင်Back-Up လုပ်ချင်တဲ့ Fileတွေ၊ Appsတွေကို ရွေးချယ်နိုင်ပါတယ်။ ဒါကို “On” “Off”နဲ့ ရွေးချယ်ရမှာ ဖြစ်ပြီး Turn Offလုပ်ထားတဲ့ Appတွေ အတွက် “Turn Off and Delete”ဆိုတဲ့ iCloudပေါ်က Dataတွေအတွက် Optionရှိ ပါတယ်။ အဆိုပါ Optionဟာ iCloudရဲ့ Backupလုပ်ထားတဲ့ Dataတွေကို ဖျက်လိုက်ရင်တောင်မှ သင့်ရဲ့ဖုန်းထဲမှာ Dataတွေ ရှိနေစေမှာ ဖြစ်ပါတယ်။ Google Appsလိုမျိုး အခြားCloudတွေမှာ သိမ်းထားတဲ့ Appsတွေရဲ့ Dataတွေ အတွက် အလုပ်ရှုပ်ခံမနေ ပါနဲ့တော့၊ သင့်ရဲ့ အချက်အလက်တွေ ထားသိုဖို့ အဖိုးတန်နေရာလွတ် တွေကို ဖြုန်းတီးရာ ရောက်နေသလို ဖြစ်နေမှာ မို့လို့ပါပဲ။
တကယ်လို့ သင့်ရဲ့ iPhoneကို Wi-Fiကွန်ရက်နဲ့ ချိတ်ဆက်ထားတယ် ဆိုရင် ဖုန်းကို အားသွင်းပလပ်သာ တပ်ထားပြီး ဒီတိုင်းထားလိုက်ရုံနဲ့ Back-Upကို အလိုလျောက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် “iColud BackUp”ကိုတော့ ဖွင့်ထားရမှာပေါ့လေ။

၂။ Dataတွေ အတွက် နေရာလွတ်လည်း များများလိုချင်တယ်၊ ပိုက်ဆံလည်း မပေးချင်ဘူး ဆိုရင်တော့ iTunesနဲ့ BackUpလုပ်တဲ့ အကြောင်း ဆက်လက်ပြောပြ ပါမယ်။ Back Upလုပ်တဲ့အခါမှာ သင့်ရဲ့ iTunesဗားရှင်းဟာ Updateဖြစ်နေ သင့်ပါတယ်။ ဒီအတွက်လည်း iTunesထဲ၀င်ကာ Help>Check For Updatesကနေ သွားလိုက်ရုံပါပဲ။ Updateလုပ်ပြီးပြီ ဆိုရင်တော့ Back Upလုပ်လို့ ရပါပြီ။ iTunesနဲ့ Back Upလုပ်တယ် ဆိုတာ တကယ်တော့ သင့်ရဲ့ကွန်ပျူတာထဲကို iPhoneထဲက အချက်အလက်တွေ BackUpလုပ်လိုက် တာပါ။ ဒါကြောင့် iPhoneနဲ့ ချိတ်ဆက်မယ့် ကွန်ပျူတာတစ်လုံးလည်း လိုအပ်ပါတယ်။
BackUpမလုပ်ခင် သင့်iPhoneမှာ iCloudကို ပိတ်ထားပြီလား ဆိုတာသေချာအောင် စစ်ဆေးကြည့်လိုက်ပါဦး။ ပြီးရင် Wi-Fiကို ဖွင့်ရပါမယ်။ သင့်ဖုန်းနဲ့ ကွန်ပျူတာကိုလည်း ချိတ်ဆက်ထားရမှာ ဖြစ်ပြီး ဖုန်းထဲက Settings>General>iTunes Wi-Fi Syncကို သွားရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ကျလာတဲ့ Option Listထဲက သင့်ကွန်ပျူတာရဲ့ နာမည်ကိုရွေးချယ် ရမှာဖြစ်ပြီး “Sync Now”ကို နှိပ်ရမှာပါ။ သူ့ဟာသူ အလိုလျောက် ဆက်လက် လုပ်ဆောင် သွားပါလိမ့်မယ်။

အန်းဒရွိုက်သမားတွေ အတွက်

အန်းဒရွိုက်ဖုန်း သုံးစွဲသူတွေ အတွက်ကတော့ သင့်ဖုန်းရဲ့ Dataတွေကို Back Upလုပ်ဖို့ Googleရှိပါတယ်။ တကယ်လို့ Googleနဲ့ အဆင်မပြေရင်လည်း အခြားProgramတွေ ရှိပါသေးတယ်။

Appleလိုပဲ Googleဟာလည်း Userရဲ့ ခွင့်ပြုချက်ကို ယူပြီး Cloudပေါ်ကို Dataတွေ အလိုလျောက် Back Upလုပ်နိုင် ပါတယ်။ Settings>Backup & Resetကို သွားပြီး “Back up my data”နဲ့ “Automatic Restore”ကို အမှန်ခြစ်လိုက်ပါ။ သင့်ရဲ့ Dataတွေကို Syncလုပ်ဖို့ ဂူးဂဲလ်အကောင့်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဂူးဂဲလ်ရဲ့ Service(၀န်ဆောင်မှု)တွေကို များများသုံးလေ သင့်ရဲ့ Data(အချက်အလက်)တွေကို များများထိန်းသိမ်း နိုင်လေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် သင့်ရဲ့ကွန်ပျူတာရော ဖုန်းရော ပျက်စီးသွားရင်တောင် Dataတွေကို Googleက သိမ်းထားပေးလို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။
ပထမဆုံးအကြိမ် Backupဆိုရင် အချိန်အနည်းငယ် ကြာပါလိမ့်မယ်။ သင့်ဖုန်းမှာ သိမ်းထားတဲ့ Dataပမာဏ ပိုများရင် ပိုကြာမှာပေါ့။ ဒါပေမယ့် တစ်ခါBackupလုပ်ထား ပြီးရင်တော့ နောင်လုပ်မယ့် Syncတွေမှာ ပိုမိုမြန်ဆန်သွားမှာပါ။

Manual Transferလုပ်နည်း

သင့်ရဲ့ အန်းဒရွိုက်ဖုန်းကို PC(ကွန်ပျူတာ)နဲ့ ချိတ်ဆက်ပြီး သီချင်းတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ Backupလုပ်နိုင် ပါသေးတယ်။ ဒါကတော့ ကြိုးနဲ့ချိတ်ဆက်ပြီး Manualလုပ်တဲ့ နည်းလမ်းပေါ့။ Windowsအနေနဲ့ သင့်ဖုန်းကို External HDDတစ်ခုအနေနဲ့ ဖော်ပြမှာ ဖြစ်ပြီး Macအသုံးပြုတွေ ကတော့ “Android File Transfer”ကို ဒေါင်းလုဒ်ရယူရမှာ ဖြစ်ပါတယ်။ ဒီလိုကွန်ပျူတာ သုံးပြီးBackup လုပ်တဲ့အခါ သင့်အနေနဲ့ အခြားသော Backup Softwareတွေကို သုံးချင်လာပါလိမ့်မယ်။

My Backup Pro

ဂူးဂဲလ်ရဲ့Serviceတွေ သုံးရတာ အဆင်မပြေဘူး ဆိုရင်တော့ “My Backup Pro”ဆိုတဲ့ Appရှိပါတယ်။ အဆိုပါ Appဟာ သင့်ဖုန်းကို Rootဖောက်စရာ မလိုဘဲ Backupလုပ်ပေးနိုင်ပြီး ဓာတ်ပုံတွေ၊ Appတွေရဲ့ Dataတွေ၊ Browser Bookmarks, Contact, Settings, Home Screen Shortcuts, Alarms, ပြက္ခဒိန်, Messageတွေနဲ့ Music Playlistစတဲ့ အရာတွေကို (ဖုန်းအသစ်ထဲ လွှဲနိုင်ဖို့) SD Cardထဲသိမ်းပေးမှာ ဖြစ်သလို ဖုန်းအခိုးခံခဲ့ ရရင်လည်း Dataတွေ ပြန်လည်ရရှိနိုင်ဖို့ Cloudပေါ်မှာ သိမ်းပေးထားမှာ ဖြစ်ပါတယ်။

SMS Backup+

တကယ်လို့ သင်ဟာ သင့်ရဲ့ SMS Messageတွေ Backupလုပ်ချင်ရင်တော့ SMS Backupဆိုတဲ့ Free Appလေး တစ်ခုရှိပါတယ်။ အဆိုပါ Appလေးဟာ သင့်ရဲ့စာတွေ(Text SMS)တွေကို Gmailအကောင့်ထဲမှာ Labelတစ်ခု အနေနဲ့ သိမ်းပေးထားမှာ ဖြစ်ပြီးအချိန်မရွေး ပြန်လည်ရှာဖွေ နိုင်မှာဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *