News

တိုကျိုတွင်ပြုလုပ်မည့် အာဆီယံ-ဂျပန် ဂီတပွဲတော်သို့ မြန်မာကိုယ်စားပြု စိုင်းစိုင်းခမ်းလှိုင် တက်ရောက်မည်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်မည့် အာဆီယံ-ဂျပန် ဂီတပွဲတော်သို့ မြန်မာကိုယ်စားပြု အနုပညာရှင်အဖြစ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် တက်ရောက်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

အဆိုပါ အာဆီယံ-ဂျပန် ဂီတပွဲတော်ကို ဂျပန်နှင့် အာဆီယံနိုင်ငံများကြား ဆက်ဆံမှုနှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်မည့် ဂျပန်-အာဆီယံ Special Summit ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဆီယံ-ဂျပန် ဂီတပွဲတော်သို့ အာဆီယံနိုင်ငံအသီးသီးရှိ ထိပ်တန်းအနုပညာရှင်များအား တက်ရောက်ဖျော်ဖြေရန် ဖိတ်ကြားထားပြီး နို၀င်ဘာ၂၈ရက်တွင် NHK Hall ၌ ပြုလုပ်မည်ဟု သိရသည်။

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က “အာဆီယံ-ဂျပန် ဂီတဖျော်ဖြေပွဲကို ဖိတ်ကြားလာတဲ့အတွက် ကျွန်တော်သွားရောက် ဖျော်ဖြေဖို့ရှိပါတယ်။ နိုင်ငံကိုယ်စားပြုသွားရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားမှာပါ။ ပထမဆုံးသွားရတာ ဖြစ်တဲ့အတွက် နည်းနည်းတော့ စိတ်လှုပ်ရှားနေမိပါတယ်။ ကြိုးစားပြီးဖျော်ဖြေမယ်လို့တော့ စီစဉ်ထားပါတယ်။ နို၀င်ဘာ ၂၆ရက်မှာ သွားဖို့စီစဉ်ထားပါတယ်”ဟု ရှင်းပြသည်။

အာဆီယံ-ဂျပန် ဂီတဖျော်ဖြေပွဲတွင် အာဆီယံနိုင်ငံအသီးသီးနှင့် ဂျပန်နိုင်ငံတို့မှ ဂီတပညာရှင်များ ပါ၀င်ဖျော်ဖြေမည်ဖြစ်ပြီး ပါ၀င်မည့်သူများမှာ ဂျပန်မှ AKB 48၊ EXILE ၊ w-inds ၊ ဘရူနိုင်းနိုင်ငံမှ Mr.Zul Faden ၊ ကမ္ဘောဒီးယားမှ Mr.Preap Sovath ၊ အင်ဒိုနီးရှားမှ Ms. Agnes Monica ၊ လာအိုမှ Ms. Annita၊ မလေးရှားမှ Ms. Siti Nurhaliza၊ မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင်၊ ဖိလစ်ပိုင်မှ Mr. Christian Bautista ၊ စင်ကာပူနိုင်ငံမှ Ms. Oliva Ong ၊ ထိုင်းနိုင်ငံမှ Mr. Bird Thongchia Mcintyre ၊ ဗီယက်နမ်မှ Ms.My Linh တို့ဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “တိုကျိုတွင်ပြုလုပ်မည့် အာဆီယံ-ဂျပန် ဂီတပွဲတော်သို့ မြန်မာကိုယ်စားပြု စိုင်းစိုင်းခမ်းလှိုင် တက်ရောက်မည်

  1. သြားပါျပီ ….

Leave a Reply

Your email address will not be published. Required fields are marked *