ဗြိတိန်တော်၀င်မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်တို့ရဲ့ ပထမဦးဆုံး တော်၀င်မင်းသားလေးကို လန်ဒန်မြို့ စိန့်မေရီဆေးရုံ၌ ယနေ့မွေးဖွားခဲ့သည်။ ဒေသစံတော်ချိန် ညနေ လေးနာရီ နှစ်ဆယ့်လေးမိနစ်က မွေးဖွားခြင်းဖြစ်ပြီး ကလေးမှာ ကိုယ်အလေးချိန် ရှစ်ပေါင်ခန့်ရှိကြောင်း သိရှိရသည်။ ၎င်းတို့စုံတွဲက ကလေးကို စိန့်မေရီရှိ သီးသန့်ခန်းထဲတွင် မွေးဖွားခြင်းဖြစ်ပြီး မီဒီယာများကို နာရီပေါင်းများစွာ ကြာမှ အသိပေးခြင်းဖြစ်သည်။ ချားစ်မင်းသားကြီး အနေနှင့်လည်း ပထမဦးဆုံး မြေးဦး ရရှိခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ရဲ့ ပထမဦးဆုံး မြေးလေး ရလာပြီပေါ့… အဘိုး၊ အဘွားဖြစ်ရခြင်းဟာ ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတာတော့ အထူးပြောစရာမလိုတော့ပါဘူး၊ ကျွန်တော်တို့လည်း ၀ီလျံတို့ ကိတ်တို့လိုပဲ အရမ်းကို ပျော်ရွှင်နေပါတယ်၊ ဒီမြေးလေးရဲ့ အနာဂတ်ကိုပါ ကျွန်တော်စဉ်းစားနေပါတယ်”ဟု ချားစ်မင်းသားကြီးမှ ပြောကြားခဲ့သည်။
အဆိုပါ ၀မ်းမြောက်ဖွယ် သတင်းနှင့်အတူ ဘက်ကင်ဟန် နန်းတော်အပြင်ရှိ သတင်းထောက်များ အပါအ၀င် လူစုလူေ၀းကြီး ဖြစ်ပေါ်ခဲ့သည်။ ပြည်သူတို့ကလည်း အဆိုပါ မင်းသားလေးရှိရာ နန်းတော်ထဲသို့ ၀ိုင်း၀န်းကြည့်ရှုနေကြပြီး ၀ီလျံ၊ ကိတ်တို့နှင့် အတူ အဆိုပါ မင်းသားလေးကို တွေ့မြင်ရန် စိတ်အားထက်သန်နေကြသည်။
Ref : http://www.businessinsider.com/royal-baby-born-2013-7