Mobile

Huawei Ascend Mate

Huaweiရဲ့ မော်ဒယ်သစ် ဖုန်းတစ်မျိုး ဖြစ်တဲ့ Ascend Mateဟာ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ဈေးနှုန်း သင့်တင့်ကောင်းမွန်မှုကြောင့် ဈေးကွက်မှာ အ၀ယ်လိုက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ ဈေးကွက် ၀င်ရောက်လာတာ ဖြစ်ပြီး ဈေးကွက်မှာ GSMတွေ ပြန်လည် ချပေးတော့မှာ ဖြစ်တာကြောင့် သုံးစွဲသူတွေရဲ့ စိတ်၀င်စားမှု အထူးခံနေရတာ တွေ့ရပါတယ်။

General

အသုံးပြုနိုင်မယ့် ကွန်ယက်စနစ်တွေကတော့ 2Gစနစ်မှာ GSM၊ 3Gစနစ်မှာ HSDPAတွေ ဖြစ်ပါတယ်။ ထည့်သွင်း အသုံးပြုရမယ့် Simအမျိုးအစားကတော့ Micro-SIMဖြစ်ပြီး ဒီဖုန်းအသစ်ကို ဇန်နဝါရီလ အတွင်းက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး မတ်လကတည်းက နိုင်ငံတကာ ဈေးကွက်ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

Body
ကိုယ်ထည်ပိုင်းကတော့ အလေးချိန် ပေါ့ပါးအောင် ဖန်တီးထုတ်လုပ်ထားတာ တွေ့ရသလို အကြမ်းခံနိုင်ရည် ရှိအောင်လည်း ထုတ်လုပ်ထားပါတယ်။ ဖုန်းရဲ့ အမြင့်က ၆.၄၄ လက်မရှိမှာ ဖြစ်ပြီးတော့ မျက်နှာပြင် အကျယ်က ၃.၃၇ လက်မဖြစ်ကာ အထူကတော့ ၀.၃၉ လက်မသာ ဖြစ်တာကြောင့် Screen ကြီးကြီးနဲ့ ဖုန်းပါးပါး ကိုင်ချင်သူတွေအတွက် အဆင်ပြေစေမှာပါ။ နောက်ပြီး ဖုန်းရဲ့ည အလေးချိန်က ၁၉၈ ဂရမ်သာ ရှိမှာ ဖြစ်တာကြောင့် သယ်ဆောင်ရလည်း လွယ်ကူစေမှာ ဖြစ်ပါတယ်။

Display

အသုံးပြုထားတဲ့ Screen အမျိုးအစားက IPSအမျိုးအစား Screenဖြစ်ပြီး LCD စနစ်နဲ့ ရုပ်ထွက်တွေကို ပြသပေးမှာ ဖြစ်ကာ Touchscreenစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရောင်ပေါင်း ၁၆သန်းကို ပြသပေးနိုင်မှာ ဖြစ်ပြီးတော့ Resolutionနှုန်းက 720×1280 Pixelရှိမှာ ဖြစ်ပါတယ်။ Screenရဲ့ အရွယ်အစားက ၆.၁ လက်မ ရှိမှာ ဖြစ်သလို Pixelရဲ့ သိပ်သည်းနှုန်းက တစ်လက်မကို 241 Pixelရှိမှာ ဖြစ်ပါတယ်။

Sound
အသံအပိုင်းမှာတော့ Loudspeakerပါ၀င်မှာ Media Playingတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဈေးကွက်ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ HTCက မော်ဒယ်သစ်တွေမှာ Speakerနှစ်လုံး ထည့်သွင်းလာတာကြောင့် အားနည်းချက် သဘောမျိုးတော့ ဖြစ်စေပါတယ်။ ဒါပေမယ့် ဈေးနှုန်းခြင်းမှာတော့ ကွာဟချက်တွေ ရှိတာကြောင့် Huaweiကလည်း ပစ္စည်းကောင်းပါပဲ။ Headphoneတွေ အတွက်ကတော့ ၃.၅ မီလီမီတာ Jack Portပါ၀င်မှာ ဖြစ်တာကြောင့် ပုံမှန်ပါပဲ။

Memory
Memory Card Slotပါ၀င်မှာ ဖြစ်ပြီး 32 GBထိအောင် တိုးမြှင့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ RAM အပိုင်းမှာတော့ 2GBပါရှိမှာ ဖြစ်တာကြောင့် မော်ဒယ်မြင့် ဖုန်းတစ်လုံးဆိုတာ သိသာစေပါတယ်။

Data
ကြိုးမဲ့ ချိတ်ဆက် သုံစွဲနိုင်မှု အပိုင်းမှာတော့ Wi-Fiကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Version 802.11 a/b/g/n ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် နောက်ထွက်လာမယ့် စနစ်သစ် acကိုတော့ သုံးနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး Bluetooth အပိုင်းမှာလည်း Version 4.0ထိအောင် သုံးစွဲနိုင်မှာ ဖြစ်လို့ မြန်နှုန်း မြင့်မြင့်နဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ကြိုးနဲ့ ချိတ်ဆက် သုံးစွဲနိုင်မှု အပိုင်းမှာတော့ USB 2.0 Portပါ၀င်မှာ ဖြစ်ပါတယ်။

Camera
Primary ကင်မရာ အဖြစ်နဲ့ 8 MPရှိတဲ့ ကင်မရာ တပ်ဆင်ပါ၀င်မှာ ဖြစ်ပြီးတော့ Pixelအားက 3264×2448 ရှိမှာ ဖြစ်ပါတယ်။ Autofocus စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ LED Flashlightလည်း ပါ၀င်မှာ ဖြစ်တာကြောင့် ညဖက်တွေမှာပါ ရိုက်ကူးလို့ အဆင်ပြေပါလိမ့်မယ်။ Featureတွေ အဖြစ်နဲ့ကတော့ Geo-Tagging, Face Detectionနဲ့ HDRတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Video ရိုက်ကူးမှု အပိုင်းမှာတော့ 1080 Pixelနှုန်းနဲ့ တစ်စက္ကန့်ကို ၃၀ Frameနှုန်း ရိုက်ကူး မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ Secondary ကင်မရာလည်း ပါ၀င်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုမှုတွေမှာ အဆင်ပြေစေလောက်မယ့် 1 MPကင်မရာသာ ပါ၀င်မှာ ဖြစ်ကာ Videoရိုက်ကူးမှု မှာလည်း 720 Pixelနှုန်းနဲ့ တစ်စက္ကန့်ကို ၃၀ Frameနှုန်း ရိုက်ကူးနိုင်မှာပါ။

Features
အသုံးပြုထားတဲ့ OSစနစ်ကတော့ Androidစနစ် ဖြစ်ပြီး Versionက 4.1 Jelly Beanဖြစ်ပါတယ်။ Chipset အမျိုးအစားကတော့ Huawei K3V2ဖြစ်ကာ CPUအပိုင်းမှာ Processorက Quad-Core ကို အသုံးပြုထားပြီး အမြန်နှုန်းက 1.5 GHzရှိမှာ ဖြစ်ပါတယ်။ Messageအပိုင်းမှာတော့ SMS, MMS, Email, Push Emailတွေကို သုံးနိုင်မှာ ဖြစ်ပြီးတော့ Browserက HTML5ဖြစ်ပါတယ်။

Battery and Price
ဖြုတ်တပ် မလုပ်နိုင်မယ့် အသေတပ် Li-ion ဘက်ထရီ အမျိုးအစားကို ထည့်သွင်း တပ်ဆင်ထားတာ တွေ့ရပြီးတော့ သိုလှောင်နိုင်မှု ပမာဏက 4050 mAhရှိမှာ ဖြစ်ပါတယ်။ Talk Timeအတွက် ကြေညာချက် တစ်စုံတစ်ရာ မတွေ့ရပဲ Stand By အတွက်ကိုတော့ ၂၁၆ နာရီကျော် ကြာအောင် သုံးစွဲနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ၃၂၂,၀၀၀ကျပ် ဖြစ်ကာ AnyCall Mobileမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: http://www.gsmarena.com/huawei_ascend_mate-5237.php

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *