News

သာမာန် တီဗီ တွေကို စမတ် တီဗီ အဖြစ်ပြောင်းလဲပေးမယ့် Roku Streaming Stick

Google Chromecast က တီဗီ ရဲ့ HDMI Port မှာ တပ်ဆင်ရမှာဖြစ်ပြီး စမတ်ဖုန်း ၊ တက်ဘလက် က အင်တာနက် မီဒီယာ တွေကို တီဗီ ကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ Roku က လည်း ဒီလိုစွမ်းဆောင်ပေးနိုင်တဲ့ Roku Streaming Stick ကို ရောင်းချမယ်လို့ ကြေညာပါတယ်။ Roku Streaming Stick ကို တီဗီ ရဲ့ USB Port ကနေ အားသွင်းနိုင်သလို Wall Socket ကနေ အားသွင်းနိုင်ပါတယ်။

Roku က အရင်ကတည်းက Streaming Box ကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အခုတော့ Google Chromecast လိုမျိုး Streaming Stick ကို ထုတ်လုပ်တာဖြစ်ပါတယ်။ Stick ရဲ့ အားသာချက်က Box လိုမျိုး နေရာမယူတာဖြစ်ပါတယ်။ ဒါပေမယ့် Stick နဲ့ Box ရဲ့ စွမ်းဆောင်ချက်တွေက အတူတူပဲဖြစ်ပါတယ်။ Netflix, Now TV, BBC iPlayer စတဲ့ အင်တာနက် မီဒီယာ တွေကို တီဗီ မှာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အသစ်ထုတ်လုပ်မယ့် Streaming Stick ဟာ အင်တာနက် မီဒီယာ တွေကို တီဗီ ကို ထုတ်လွှင့်ပေးဖို့အတွက် ရွေးချယ်စရာပိုမိုများပြားလာပါမယ် လို့ Roku ရဲ့ ထုတ်ကုန် စီမံခန့်ခွဲရေး ဌာန မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Jim Funk က ပြောပါတယ်။

Roku Streaming Cast က (၃၅) ဒေါ်လာတန် Google Chromecast နဲ့ ပုံသဏ္ဍာန်ချင်းဆင်တူပေမယ့် စွမ်းဆောင်ရည် ပိုင်းမှာ Roku Streaming Stick က သာလွန်တယ်လို့ သိရပါတယ်။ Chromecast က ဖုန်းက မီဒီယာ တွေကို ပဲ တီဗီ ကို ထုတ်လွှင့်ပေးနိုင်တာဖြစ်ပြီး Roku က ဒီထက်ပိုစွမ်းဆောင်ပေးနိုင်ပါတယ်။

Roku Streaming Stick မှာ ရုပ်ရှင် ၊ တီဗီစီးရီး၊ သီချင်း၊ သတင်း ၊အားကစား စတဲ့ ကြည့်ရှုနိုင်တဲ့ Channel ပေါင်း (၇၅၀) ကျော် ရှိပါတယ်။ မကြာမီ က ထပ်မံထည့်သွင်းလိုက်တဲ့ Channels တွေက 4OD, Netflix, YouTube တို့ဖြစ်ပါတယ်။

Roku Mobile App ကို ပြုလုပ်ပေးထားပြီး စမတ်ဖုန်း က Netflix, YouTube တို့က မီဒီယာ တွေကို တီဗီ ကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ ဒီလို စွမ်းဆောင်ချက် ကို Roku 1 , Roku 2 တို့မှာ ပြုလုပ်ပေးနိုင်ခြင်း မရှိပါဘူး။ Remote Control ပါရှိတဲ့အပြင် Remote App ကို လည်း ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် Roku 3 မှာလို Remote Control ကို Headphone နဲ့ ချိတ်ဆက်လို့ မရဘူးလို့ သိရပါတယ်။

Roku Stick ကို ဧပြီလ အစောပိုင်းမှာ ဗြိတိန် မှာ စတာလင်ပေါင် (၄၉.၉၉) ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *